ဂျပန်တောင်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်း ၊ ခြောက်ဦးသေဆုံးကာသုံးဦးပျောက်ဆုံးနေ

0
109

တိုကျို၊ဇူလိုင် ၁၁

ဂျပန်နိုင်ငံအနောက်တောင်ဘက်ရှိ ကျူရှူးကျွန်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံကာ မြေပြိုမှုများဖြစ်ပေါ်ခဲ့ပြီး သုံးဦးပျောက်ဆုံးနေသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်နေကြောင်းသိရသည်။

ဂျပန်နိုင်ငံသည် မကြာသေးမီရက်များအတွင်းက ကမ္ဘာ့နေရာအနှံ့အပြား၌ ပုံမှန်မဟုတ်သော မိုးသည်းထန်စွာရွာသွန်းမှုဒဏ်ကိုခံခဲ့ရသည့် နောက်ဆုံးနိုင်ငံဖြစ်ပြီး အဆိုပါဖြစ်ရပ်များကြောင့်ရာသီဥတုဖောက်ပြန်မှုအပေါ်အထိတ်တလန့်ဖြစ်ကာ သတိ ပိုထား လာစေခဲ့သည်။

“ဒေသဆိုင်ရာအာဏာပိုင်တွေအနေနဲ့လည်းအသေအပျောက်နဲ့ပတ်သက်ပြီး စစ်ဆေးမှုတွေ လုပ်နေတုန်းပါ၊ဒါပေမယ့် သေဆုံးသူ ခြောက်ဦးအထိဖြစ်လာခဲ့ပြီး ပျောက်ဆုံးနေသူ က တော့ သုံးဦးရှိကာဒဏ်ရာရသူနှစ်ဦးရှိပါတယ်” ဟုအစိုးရအဖွဲ့ အတွင်းဝန်ချုပ် ဟီရိုကဇုမာဆုနို ကသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

အဆိုပါမိုးရွာသွန်းမှုကြောင့် တာယာထုတ်လုပ်ငန်း ဘရစ်ချ် စတုန်း သည် တနင်္လာနေ့ကကျူရှူးရှိစက်ရုံလေးရုံ၌ လုပ်ငန်းလည်ပတ်မှုကိုရပ်ဆိုင်းခဲ့ရသော်လည်း အင်္ဂါနေ့နံနက်တွင် စက်ရုံများ ပြန်လည်လည်ပတ်ခဲ့ကြောင်း ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်းပြောကြားခဲ့သည်။

Source :Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here