စနစ်ဟောင်း (၉) တန်းအောင်များနှင့် (၁၀) တန်းကျများ စနစ်သစ် Grade-12 ကို ပြင်ပဖြေ ဝင်ရောက် ဖြေဆိုနိုင်

0
260

စနစ်ဟောင်းဖြင့် (၉) တန်း အောင်မြင်ထားပြီး (၁၀) တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်း မရှိသည့် ကျောင်းသား/ကျောင်းသူများနှင့် (၁၀) တန်း ကျထားသည့် ကျောင်း သား/ကျောင်းသူများအနေဖြင့် ယခုနှစ် စနစ်သစ် Grade 12 စာမေးပွဲကို ပြင်ပဖြေဖြင့် ဝင်ရောက်ဖြေဆိုနိုင်ကြောင်း သိရသည်။

စနစ်ဟောင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုခြင်းမရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် တက္ကသိုလ်ဝင်တန်းကျရှုံးထားသည့် ကျောင်းသား/ ကျောင်းသူများ၏ ပညာသင်ကြားခွင့်နှင့် ပတ်သက်၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ထားခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် နိုင်ငံခြားစာစစ်ဌာန ငါးခု၊ ပြည်တွင်း၌ စာစစ်ဌာန ၈၅၈ ခု၊ စာစစ်ဌာနစု စုပေါင်း ၈၆၃ ခု ဖွင့်လှစ်ခဲ့ပြီး စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၁၇၉၈၄၃ ဦးရှိခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသူကျောင်းသား နှစ်သိန်းရှစ်သောင်းကျော် ဝင်ရောက်ဖြေဆိုခဲ့ပြီး တစ်သိန်းသုံးသောင်းကျော် အောင်မြင်ခဲ့ကာ တစ်နိုင်ငံလုံး အောင်ချက် ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here