အိန္ဒိယတွင် ပဲထုတ်လုပ်မှု ကျဆင်းနေ၍ မြန်မာ့ပဲစင်းငုံနှင့် မတ်ပဲများ ဈေးကောင်းရနေ 

0
96

အိန္ဒိယတွင် ပဲစင်းငုံဈေးနှုန်းသည် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပြီး တစ်ကီလို ဂရမ်လျှင် ရူပီးငွေ ၁၂၈ ဒသမ ၆၆အထိ ရောက်ရှိခဲ့ကြောင်းနှင့် မတ်ပဲဈေးနှုန်းမှာလည်း ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၇ ဒသမ ၂၂ ရာခိုင်နှုန်းခန့် ကြီးမြင့်ခဲ့ရာ တစ်ကီလိုဂရမ် ဈေးနှုန်းသည် ရူပီးငွေ ၁၁၁ ဒသမ ၇၇ ရရှိခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၌ ပဲထုတ်လုပ်မှု ကျဆင်းနေခြင်းကြောင့် မြန်မာ့ပဲစင်းငုံနှင့် မတ်ပဲများ ဈေးကောင်းရနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရသည်။

အိန္ဒိယ နိုင်ငံအနေဖြင့် မြန်မာ့မတ်ပဲနှင့် ပဲစင်းငုံများကို လာမည့် ၂၀၂၄ ခုနှစ် မတ်လအထိ လွတ်လပ်စွာတင်သွင်းခွင့်ပြုထားခြင်း ဖြစ်သည်။

ထို့ပြင် မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံအကြား G to G အစီအစဉ်ဖြင့် မတ်ပဲနှင့် ပဲစင်းငုံရောင်းဝယ်မှု ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးခဲ့ပြီး ယင်းသဘောတူညီချက်အရ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ ငါးနှစ်အတွင်း မတ်ပဲတန်ချိန် နှစ်သိန်းခွဲနှင့် ပဲစင်းငုံတန်ချိန် တစ်သိန်း၊ စုစုပေါင်းပဲတန်ချိန် ၃ ဒသမ ၅ သိန်းကို နှစ်စဉ်ပုဂ္ဂလိကကုန်သွယ်မှုကဏ္ဍ မှတဆင့် တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ အိန္ဒိယနိုင်ငံသို့ ပဲတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၂၇၀ ဒသမ ၃၅၂ သန်းကျော် ရရှိထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here