အုတ်တွင်းမြို့ရှိ နေရပ်ရှောင်အိမ်ထောင်စု (၂၀၂) စုအား WFP က စားနပ်ရိက္ခာများ ထောက်ပံ့

0
112

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့ရှိ နေရပ်ရှောင်စခန်းများမှ ‌အိမ်ထောင်စု (၂၀၂) စုအား ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က ဒုတိယအကြိမ်အဖြစ် စားနပ်ရိက္ခာများကို ဇူလိုင်လ ၁၁ ရက်၊ နံနက်ပိုင်းက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးရာ၌ ကြက်သွန်ခင်း (၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အိမ်ထောင်စု (၁၅) စု၊ ဗောဓိကုန်း(ပေါက်တော)ကျန်းမာရေးဆေးခန်းတွင် အိမ်ထောင်စု (၉) စု၊ဘုရားနှစ်ဆူဘုန်းတော်ကြီးကျောင်းတွင် အိမ်ထောင်စု (၉၄) စု၊ကျောင်းရှစ်ဆယ်အုပ်စု နတ်စဉ်ကုန်းဘုန်းတော်ကြီးကျောင်းတွင် အိမ်ထောင်စု (၃၄) စု၊ ကျွဲပွဲမြို့ အမှတ်(၂)ရပ်ကွက်ရှိ စိတ္တသုခဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် အိမ်ထောင်စု (၅၀) စု ၊ စုစုပေါင်းအိမ်ထောင်စု (၂၀၂) စုကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပစ္စည်းများအဖြစ် လူတစ်ဦးလျှင် ဇွန်၊ ဇူလိုင် နှစ်လစာအတွက် ဆန် (၁၃) ပြည်နှင့် (၄) လုံး၊ကုလားပဲ (၁) ပြည်နှင့် (၆) လုံး၊ စားဆီ (၂) လီတာ၊ လူငါးဦးလျှင် ဆား (၂) ထုပ်၊ အသက် ၆ လမှ ၅ နှစ်အောက်ကလေးများ၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များ (အသက် ၆ လအောက်ကလေးမိခင်များ)အတွက် ဂျုံပဲပိစပ်ရော အာဟာရမှုန့် ၁ ဒသမ ၅ ကီလိုဂရမ် ၂ ထုပ်တို့ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here