မုန်တိုင်းဒဏ်သင့်ဒေသများအတွက် ထိုင်းနိုင်ငံ SCG ကုမ္ပဏီမှ ဘတ် (၁) သိန်းခွဲ တန်ဖိုးရှိ ပြန်လည်ထူထောင်ရေးပစ္စည်းများ လှူဒါန်း

0
143

ရခိုင်ပြည်နယ်၊ မုန်တိုင်းဒဏ်သင့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ထိုင်းနိုင်ငံ Siam Cement Group Co., Ltd မှ ဘတ် (၁) သိန်းခွဲတန်ဖိုးရှိ ထောက်ပံ့ရေးပစ္စည်းများကို ဇူလိုင်လ ၁၁ ရက် နံနက်ပိုင်းက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ပြန်လည်ထူထောင်ရေးထောက်ပံ့ပစ္စည်းများအား SCG ကုမ္ပဏီ၏တာဝန်ရှိသူများက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဗန်ကောက်မြို့သို့ လာရောက်လှူဒါန်းခဲ့ရာ မြန်မာသံအမတ်ကြီး ဦးချစ်ဆွေမှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

လှူဒါန်းခဲ့သည့် ပြန်လည်ထူထောင်ရေးထောက်ပံ့ပစ္စည်းများတွင် အမိုးသွပ် ၆၅၀ ချပ်၊ သွပ်သံ (၃) ဘူး၊ အိမ်ရိုက်သံ (၁၂) ဘူးနှင့် Solar Lumax 60 W 360 lumen အစုံ (၂၀) တို့ပါဝင်ကြောင်း သိရသည်။

လှူဒါန်းခဲ့သည့် ပြန်လည်ထူထောင်ရေးထောက်ပံ့ပစ္စည်းများအား “မိုခါ”မုန်တိုင်းဒဏ်သင့်ဒေသများသို့ ပို့ဆောင်ပေးနိုင်ရန် မြန်မာနိုင်ငံသို့ အမြန်ဆုံးဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း မြန်မာသံအမတ်ကြီး ဦးချစ်ဆွေက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here