အိန္ဒိယ သူဖုန်းစားတစ်ဦး သန်းကြွယ်သူဌေးဖြစ်လာ၊လက်ရှိပိုင်ဆိုင်မှု ကန်‌ဒေါ်လာ ၁ သန်းရှိနေ

0
333

အိန္ဒိယနိုင်ငံမှ အမျိုးသားတစ်ဦးသည် လမ်းပေါ်၌ တောင်းရမ်းစားသောက်ရင်း သန်းကြွယ်သူဌေးဖြစ်လာကြောင်း အိန္ဒိယတိုင်းမ်စ် သတင်းစာက ဖော်ပြခဲ့သည်။

ဘာရတ် ဂျိန်း ဆိုသူ သူဖုန်းစားသည် လက်ရှိတွင် ပိုင်ဆိုင်မှုပေါင်း ရူပီ ၇၅ သန်း (ကန်ဒေါ်လာ ၁ သန်း) အပြင် ရူပီး ၇ သန်းတန် တိုက်ခန်း နှစ်ခန်းကိုပါ ပိုင်ဆိုင်ထားပြီ ဖြစ်သည်။

ဘာရတ်သည် ဆင်းရဲလွန်းပြီး အခြေခံ ပညာသင်ကြားနိုင်ခဲ့ခြင်းလည်း မရှိသောကြောင့် မွမ်ဘိုင်းမြို့၏ လမ်းများပေါ်တွင် တောင်းရမ်းစားသောက်ခဲ့ရသူဖြစ်သည်။ တစ်ရက်လျှင် ၁၀ နာရီမှ ၁၂ နာရီအထိ တောင်းရမ်းခြင်းဖြင့် ရူပီး နှစ်ထောင်မှ နှစ်ထောင့် ငါးရာ အထိ ရှာနိုင်ခဲ့ကာ တစ်လလျှင် ရူပီး ၆ သောင်းမှ ၇ သောင်းခွဲ အထိ ရှာနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဝင်ငွေဖြင့် သိန်းမြို့တွင် ဆိုင်နှစ်ဆိုင် ဝယ်ခဲ့ပြီး တစ်လကို ရူပီး ၃ သောင်းဖြင့် ငှားရမ်းခဲ့သည်။

လက်ရှိအချိန်တွင်မူ ဘာရတ်သည် မွန်းဘိုင်းမြို့၊ ပါရယ်ရပ်ကွက်ရှိ တိုက်ခန်းတစ်ခုတွင် သူ၏ ဇနီး၊ သားနှစ်ယောက်၊ အစ်ကိုနှင့် အဖေဖြစ်သူတို့နှင့်အတူ နေထိုင်နေပြီဖြစ်သည်။

ယခုကဲ့သို့ ကြွယ်ဝချမ်းသာ လာသော်လည်း ဘာရတ်သည် သူဖုန်းစား အလုပ်ကိုသာ ဆက်လက် လုပ်ကိုင်နေဆဲဖြစ်သည်။ သူ၏ မိသားစုက ဆက်တောင်းမစားရန် အကြိမ်ကြိမ် တားနေသော်လည်း တားမရသေးပေ။ ဘာရတ်ကို မွမ်ဘိုင်းမြို့ရှိ ချတရက်ပတ္တီ ရှီဗာဂျီ ဘူတာ သို့မဟုတ် အဇတ် မိုင်ဒန် အားကစားကွင်းတို့၌ ဆက်လက် တောင်းရမ်းနေသည်ကို တွေ့နိုင်ပေသည်။

Source: Mothership


LEAVE A REPLY

Please enter your comment!
Please enter your name here