တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်း မြောက်ကိုရီးယား စမ်းသပ်ပစ်လွှတ်

0
108

မြောက်ကိုရီးယားက မိမိတို့နှင့် အနီးနားရေပြင်တွင် ပျံသန်းနေသည့် အမေရိကန် စစ်ထောက်လှမ်းလေယာဉ်များကို ပစ်ချမည်ဟု ခြိမ်းခြောက်ပြီး ရက်ပိုင်းအကြာဖြစ်သည့် ယနေ့ ဗုဒ္ဓဟူးနေ့တွင် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့သည်။

အမေရိကန်မြို့ကြီးများအထိ တိုက်ခိုက်နိုင်စွမ်းရှိသော လက်နက်များထုတ်လုပ်ရန် ကြိုးပမ်းလာသောကြောင့် နိုင်ငံတကာမှ လေ့လာသူများနှင့် ကျွမ်းကျင်သူများအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်စေသည့် မြောက်ကိုရီးယား၏ မကြာသေးမီက စမ်းသပ်မှုအများအပြားအပြီးတွင် ယခုကဲ့သို့ ထပ်မံ စမ်းသပ်ပစ်လွှတ်ခြင်းဖြစ်သည်။

မြောက်ကိုရီးယားသည် မတ်လအတွင်းတွင် Hwasong-17 ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ဧပြီလအတွင်းတွင်မူ ယင်းထက် ပိုမိုအားကောင်းသည့် Hwasong-18 ဒုံးကျည်ကို ထပ်မံစမ်းသပ်ပစ်လွှတ်ခဲ့ပြန်သည်။ ပြင်းထန်သော “မဟာဗျူဟာမြောက် တိုက်ခိုက်ရေးနည်းလမ်းများ” နှင့် နိုင်ငံ၏နျူကလီးယားစွမ်းရည်ကို မြှင့်တင်ပေးမည်ဟုလည်း ကင်ဂျုံအန်က ပြောကြားခဲ့သေးသည်။

ယနေ့ ဗုဒ္ဓဟူးနေ့တွင်မူ မည်သည့်ဒုံးကျည်အမျိုးအစားကို စမ်းသပ်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ အဆိုပါ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်သည် ကီလိုမီတာ ၁၀၀၀ ခန့် အကွာအဝေးသို့ ပျံသန်းခဲ့ပြီး ၇၄ မိနစ်ကြာ ဝေဟင်တွင် ပျံသန်းခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရသိရသည်။ ယခုနှစ်အစောပိုင်းက မြောက်ကိုရီးယားမှ စမ်းသပ်ခဲ့သည့် ပဲ့ထိန်းဒုံးကျည်များတွင် သိသိသာသာ တိုးတက်လာခြင်းဖြစ်သည်ဟုလည်း ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here