ကမ္ဘာ့ပထမဆုံး မီသိန်းစွမ်းအင်သုံး ဒုံးပျံကို တရုတ်က အောင်မြင်စွာ လွှတ်တင်

0
147

တရုတ်အာကာသယာဉ်ကုမ္ပဏီ လန်းစပေ့စ် သည် အီလွန်မတ်စ်၏ စပေ့အိတ်စ်ကုမ္ပဏီကို ကျော်၍ မီသိန်းနှင့် အောက်ဆီဂျင်အရည်တို့ကို အသုံးပြုကာ ဒုံးပျံကို အာကာသထဲသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ကျူးချဲ-၂ ဟု ခေါ်သော အဆိုပါဒုံးပျံကို ဂိုဘီ သဲကန္တာရရှိ ကျိုချမ်း ဂြိုလ်တုလွှတ်တင်ရေးစင်တာက ဇူလိုင်လ ၁၁ ရက် ဗုဒ္ဓဟူးနေ့တွင် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ထိုဒုံးပျံသည် အာကာယာဉ်ဆိုင်ရာ စမ်းသပ် ပစ္စည်းကိရိယာကို ကမ္ဘာ့ဝင်ရိုးစွန်း ပတ်လမ်းနားသို့ အောင်မြင်စွာ ပို့ဆောင်နိုင်ခဲ့သည်။

ဤသို့ဖြင့် လန်းစပေ့စ်သည် မီသိန်းစွမ်းအင်ဖြင့် အာကာသထဲသို့ ဒုံးပျံလွှတ်တင်နိုင်ခဲ့သော ကမ္ဘာ့ပထမဆုံး အာကာသယာဉ် ကုမ္ပဏီဖြစ်လာခဲ့သည်။

မီသိန်းစွမ်းအင်သုံး အင်ဂျင်များသည် စီးပွားရေးဘက်တွင် အကျိုးအမြတ်ရရှိမှုများလာနိုင်သဖြင့် အာကာသလုပ်ငန်း နယ်ပယ်အတွက် အရေးကြီးပေသည်။ ထို့ပြင် ယင်းအင်ဂျင်များသည် စွမ်းဆောင်ရည်မြင့်မားပြီး ကုန်ကျစရိတ်လည်း သက်သာခြင်းကြောင့် အလွန်အမင်း ဝယ်လိုအားများနေကြောင်းသိရသည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here