(၂)ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ  သဘောတူညီချက်အချို့ကို  NSPNC နှင့် RCSS တို့ လက်မှတ်ရေးထိုး

0
97

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့၏ (၂)ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ အပြီးသတ်ရရှိလာသည့် သဘော တူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

NSPNC နှင့် RCSS တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဒုတိယ နေ့ကို ဇူလိုင်(၁၂)ရက်က နေပြည်တော်ရှိ ပြည်ထောင်စု ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်ရေးဗဟိုဌာနတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲ ဒုတိယနေ့တွင် ပထမနေ့က မပြီးသတ်သေးသည့်ကိစ္စများအား ဆက်လက်ဆွေးနွေးညှိနှိုင်းခဲ့ကြပြီးနောက် (၂) ရက်တာဆွေးနွေးညှိနှိုင်းချက်များအရ အပြီးသတ်ရရှိလာသည့် သဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

ယခုတစ်ကြိမ် ဆွေးနွေးပွဲတွင်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်လိုသောအချက်များ၊ယခင်ဆွေးနွေးပွဲများ၌ သဘောတူထားသည့်အချက်များအား အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့်  ငြိမ်းချမ်းရေး ညီ လာခံကျင်းပရေး၊ ဒေသတည်ငြိမ်အေးချမ်းရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ ဖွံဖြိုးရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပံ့ပိုးရေး ကိစ္စရပ်များကိုလည်း နှစ်ဘက်တာဝန်ရှိသူများက အပြန်အလှန် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်း ချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေး မှူး ဒု-ဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်နှင့် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ၊ ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ (RCSS)မှ အတွင်း ရေးမှူး(၁)စဝ်စိုင်းငင်း၊ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် စဝ်ဆောင်းဟန်နှင့် ဗဟိုဦးစီးကော်မတီဝင်စဝ်စိုင်းဟန်တို့ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here