ကရင်ပြည်နယ်မှ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား ၅၀၁၇ ဦးအား လူမှုရေးပင်စင်ထောက်ပံ့

0
171

ကရင်ပြည်နယ်မှ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား ၅၀၁၇ ဦးအား နိုင်ငံတော်မှထောက်ပံ့သော ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်အတွက် လူမှုရေးပင်စင်များ ဇူလိုင်လ ၁၁ ရက်၊ နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ လူမှုရေးပင်စင်များအား ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အတွင်းရှိ မြို့နယ်(၇)မြို့နယ်မှ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား ၅၀၁၇ ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် ၁၅၀ ဒသမ ၅၁ သန်းအား ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးကိုယ်စား ဘားအံခရိုင်အုပ်ချုပ်ရေးမှူးထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့အတူ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းမှလည်း ဘိုးဘွား ၅၀၁၇ ဦးအနက်မှ ဘားအံမြို့အတွင်းနေထိုင်သည့် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား ၁၅၄၇ ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေထဲမှ ငွေကျပ် ၄၆ ဒသမ ၄၁ သန်းအား ဘားအံမြို့နယ်အုပ်ချုပ်ရေးမှူးထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

နိုင်ငံတော်မှ ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်းသည် ဘိုးဘွားများ၏ ဝင်ငွေလုံခြုံမှုရှိစေရန်၊ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်စွမ်းရှိစေရန်၊ ကျန်းမာရေးဝန်ဆောင်မှုများ ရယူနိုင်ရန် ရည်ရွယ် ထောက်ပံ့ပေးခြင်းဖြစ်သည်ဟု ပြောကြားသည်။

ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသည့် ဘားအံမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား ၆၁ ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေ ၃ သောင်းစီနှင့် အာဟာရ ဖြည့်စွက်အစားအစာများကို လက်ဝယ်အရောက်ပေးအပ်ခဲ့ကြသည်။

ထိုပြင် အခမ်းအနားတက်ရောက်လာသည့် ဘိုး/ဘွားများအား ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here