ယမန်နေ့က ပစ်လွှတ်သော တိုက်ချင်းပစ်ဒုံးကျည်မှာ Hwasong-18 အမျိုးအစားဖြစ်ကြောင်း မြောက်ကိုရီးယားကြေညာ

0
203

ယမန်နေ့ ဗုဒ္ဓဟူးနေ့က ပစ်လွှတ်လိုက်သည့် တိုက်ချင်းပစ်ဒုံးကျည်မှာ Hwasong-18 အမျိုးအစား တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံက ကြေညာလိုက်သည်။

ယင်းဒုံးကျည်သည် လေထဲတွင် ၇၄ မိနစ်ကြာ ပျံသန်းခဲ့ရာ၊ ယခုနှစ် မတ်လနှင့် ဧပြီလအတွင်း မြောက်ကိုရီးယားက စမ်းသပ်ခဲ့သည့် ဒုံးကျည်များထက် သိသိသာသာ တိုးတက်မှုကို ပြသနေသလို အမေရိကန်နိုင်ငံအထိ ပစ်ခတ်နိုင်သောလက်နက်များလည်းဖြစ်သည်။

မြောက်ကိုရီးယား၏ အခြားသော လောင်စာအရည်သုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များထက် ထောက်လှမ်းရပိုမိုခက်ခဲသည့် လောင်စာကိုအသုံးပြုထားသော Hwasong-18 ကို ဧပြီလတွင် ပထမဆုံး စမ်းသပ်ပစ်လွှတ်ခဲ့သည်။ Hwasong-18 သည် မြောက်ကိုရီးယား၏ တာဝေးပစ်နျူကလီးယားတိုက်ခိုက်မှုကို ပိုမိုလျင်မြန်လွယ်ကူစွာဆောင်ရွက်နိုင်ကြောင်း လေ့လာသူများက ဆိုသည်။

“ကိုရီးယားကျွန်းဆွယ်နဲ့ ဒေသတွင်း စစ်ရေးလုံခြုံရေးအခြေအနေဟာ စစ်အေးအခြေအနေကို ကျော်လွန်ပြီး နျူကလီးယားအကျပ်အတည်းအဆင့်ကို ရောက်ရှိသွားချိန်မှာ ဗုဒ္ဓဟူးနေ့က့ ဒုံးကျည်ပစ်လွှတ်မှုကို နိုင်ငံပိုင် ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) က အသေးစိပ်ဖော်ပြလာခဲ့တာဖြစ်တယ်။ မြောက်ကိုရီးယားအပေါ် မကြုံစဖူး စစ်ရေး ရန်စမှုများက သူ့ရဲ့ အကြီးစားတပ်ဖွဲ့တွေ ပြင်ဆင်မှုကို ပိုမိုအရှိန်မြှင့်လာစေခဲ့တယ်”ဟုလည်း လေ့လာသူတို့က သုံးသပ်သည်။

Hwasong-18 စမ်းသပ်ပစ်လွှတ်မှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ကိုယ်တိုင် လမ်းညွှန်ခဲ့ခြင်းဖြစ်ကြောင်း KCNA က ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here