အာဇာနည်နေ့တွင် အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်ပြတိုက်နှင့် အတွင်းဝန်ရုံးသို့ လာရောက်ဂါရ၀မည့်ပြည်သူများကို ဖုန်းယူဆောင်ခွင့် ကန့်သတ်

0
236

ဇူလိုင်လ ၁၉ ရက်၊ အာဇာနည်နေ့တွင် ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်ပြတိုက်နှင့် အတွင်းဝန်ရုံး (ယခင် ဝန်ကြီးများရုံး)သို့ လာရောက်ဂါရ၀ပြုမည့်ပြည်သူများကို လက်ကိုင်ဖုန်း ယူဆောင်ခွင့် ကန့်သတ်ထားကြောင်း အသိပေးကြေညာထားသည်။

အဆိုပါနေရာသုံးခုသို့ လာရောက်မည့် ပြည်သူများအနေဖြင့် ယူဆောင်ခွင့်မပြုသည့် ပစ္စည်းများနှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များကို သက်ဆိုင်ရာက မေတ္တာရပ်ခံ ပန်ကြားထားခြင်းဖြစ်သည်။

လက်ကိုင်ဖုန်းအပါအဝင် တခြားယူဆောင်ခွင့်မပြုသည့် ပစ္စည်းများမှာ အလံ၊ လက်ကိုင်အိတ်၊ ကင်မရာ ၊ မီးခြစ်၊ ပန်းခွေ/ပန်းစည်း/ပန်းခြင်း၊ ဗွီနိုင်း၊ ပုလင်း/ဘူး ၊ တုတ်နှင့်ကော်ပိုက်၊ သံပိုက်များ၊ ဘောလ်ပင်များ ဖြစ်ကြောင်းနှင့် ဒရုန်းယာဉ်များ ယူဆောင်ခြင်း၊ လွှတ်တင်ခြင်းများ မပြုလုပ်ရန်လည်း အသိပေး ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အဆိုပါနေရာများသို့ လာရောက်သူများအနေဖြင့် နှာခေါင်းစည်းများ မပျက်မကွက် တပ်ဆင်ထားရမည်ဖြစ်ပြီး သတ်မှတ်ထားသည့် နေရာများတွင် လက်ဆေးခြင်း၊ လက်သန့်ဆေး အသုံးပြုခြင်း စသည်တို့ကို ဆောင်ရွက်ပြီးမှသာလျှင် ဝင်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် သက်ဆိုင်ရာနေရာများတွင် ကိုယ်အပူချိန်တိုင်းတာမှု အပါအဝင်၊ ကျန်းမာရေးဆိုင်ရာစစ်ဆေးမှုများနှင့် ကိုယ်ရေးအချက်အလက်များကို စာရင်းပေးသွင်းရန်နှင့် နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် ကိုယ်ရေးအချက်အလက် စိစစ်နိုင်သည့် အသိအမှတ်ပြုကတ်ပြားယူဆောင်လာရန် လိုအပ်ကြောင်းလည်း ကြေညာချက်တွင်ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here