ဂျပန်ကနျူသန့်စင်ရေအားစွန့်ထုတ်ပါက ဟောင်ကောင်ကပင်လယ်စာတင်သွင်းမှုကို ပိတ်ပင်မည်ဟုဆို

0
153

ဟောင်ကောင်၊ဇူလိုင် ၁၂

တိုကျိုအနေဖြင့် ပျက်စီးနေသော ဖူကူရှီးမားစက်ရုံမှ ရေဒီယိုသတ္တိကြွသန့်စင်ထားသောရေများကို ပင်လယ်ထဲသို့ စွန့်ထုတ်မည့်အစီအစဉ်အား ဆက်လက်လုပ်ဆောင်ပါက ဂျပန်နိုင်ငံ၏ စီရင်စု ၁၀ ခုမှ ပင်လယ်စာတင်သွင်းမှုကို တားမြစ်သွားမည်ဟု ဟောင်ကောင်သဘာဝပတ်ဝန်းကျင်နှင့်ဂေဟဗေဒဌာနအကြီးအကဲကပြောကြားခဲ့သည်။

ဟောင်ကောင်သဘာဝပတ်ဝန်းကျင်နှင့် ဂေဟဗေဒဆိုင်ရာအတွင်းဝန်က တားမြစ်ချက်တွင်အေးခဲထားသောအစားအစာများ၊အခြောက်လှန်းထားပြီးထိန်းသိမ်းထားသော ရေထွက်ပစ္စည်းများ၊ ပင်လယ်ဆားနှင့် မသန့်စင်ရသေးသော (သို့) ပြုပြင်မွမ်းမံထားသော ပင်လယ်ရေမှော်တင်သွင်းမှုများပါဝင်သည်ဟုဆိုခဲ့သည်။

ဟောင်ကောင်သည် တရုတ်ပြည်မကြီးပြီးပါက ဂျပန်၏ဒုတိယတင်ပို့မှုအများဆုံးလည်းဖြစ်သည်။ဟောင်ကောင်သို့ဂျပန်၏ လယ်ယာထွက်ကုန်နှင့်ရေထွက်ကုန်များအားအဓိကတင်ပို့သည်ဟုသိရသည်။၂၀၂၂ ခုနှစ်၌ ဂျပန်သည်ဟောင်ကောင်သို့ ရေထွက်ပစ္စည်း ယန်း ၇၅ ဒသမ ၅ ဘီလျံအထိတင်ပို့ခဲ့ကြောင်းသိရသည်။

ဂျပန်၏ဖူကူရှီးမားရေဆိုးများအား ပင်လယ်အတွင်းစွန့်ထုတ်ရန် ကုလနျူစောင့်ကြည့်ရေးအဖွဲ့က ခွင့်ပြုပေးခဲ့သော်လည်း ပြည်တွင်းပြည်ပမှကန့်ကွက်မှုများများပြားခဲ့သည်။ဂျပန်ဘက်မှဟောင်ကောင်အား ရေထွက်ပစ္စည်းတင်ပို့မှုကို တင်းကြပ်ခြင်းမလုပ်ရန် မေတ္တာရပ်ခံထားကြောင်းလည်းသိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here