မလေးရှားခရီးသည် ၁၂ ဦး ရေကြီးရေလျှံနေသည့်အိန္ဒိယပြည်နယ်တစ်ခု၌ပျောက်ဆုံးနေ

0
159

နူးဒေလီ၊ဇူလိုင် ၁၂

အိန္ဒိယ၌မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေစဉ် အဆိုပါအိန္ဒိယပြည်နယ်များ၌ ပိတ်မိနေသည့်မလေးရှားနိုင်ငံသား ၁၂ ဦးအားရှာဖွေရန် မလေးအစိုးရက ကြိုးပမ်းနေကြောင်းသိရသည်။

အိန္ဒိယနိုင်ငံတွင်း မကြုံစဖူးမိုးအလွန်များခဲ့ပြီး ရေကြီးရေလျှံမှုများအကြီးအကျယ်ဖြစ်ပေါ်ခဲ့ကာ ဟီမာချာပရာဒက်ရှ်ပြည်နယ်၌ လူ ၃၁ ဦးသေဆုံးခဲ့ပြီး နိုင်ငံခြားသားရာချီ ၍သောင်တင်နေခဲ့သည်။

ယခုပျောက်ဆုံးနေသော မလေးရှားနိုင်ငံသား ၁၂ ဦးအတွက်လည်း သံတမန်ရေးအရကူညီပေးရန် ၎င်းတို့၏မိသားစုများက မလေးအစိုးရထံအကူအညီတောင်းခဲ့ကြောင်းသိရသည်။ ရေကြီးမှုအတွင်း ပိတ်မိနေသူများအနက် ရုရှားနိုင်ငံသား ၁၅ ဦးလည်းပါဝင်ကြောင်းသိရသည်။

“ဦးစားပေးအနေနဲ့ ခရီးသွားတွေကို ဘေးကင်းကင်းနဲ့ရွှေ့ပြောင်းပေးပြီး လမ်းများ၊ရေပေးဝေရေး၊ ဓာတ်အားလိုင်းများနဲ့ အခြားအခြေခံအဆောက်အဦများ ပြုပြင်ခြင်းတို့ကို အာရုံစိုက်လုပ်ဆောင်သွားပါမယ်” ဟုလည်း ဟီမာချာပရာဒက်ရှ်ပြည်နယ်ဝန်ကြီးချုပ်ကပြောကြားခဲ့သည်။

ယမုံနာမြစ်ရေသည် စိုးရိမ်ရေမှတ်ကို ကျော်လွန်နေသောကြောင့် ဒေလီ၌ရေကြီးမှုသတိပေးချက်လည်းထုတ်ပြန်ထားပြီး အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် မိုးကြီးရေလျှံဖြစ်ရပ်များကြောင့် လူ ၁၀၀ ထက်မနည်းသေဆုံးခဲ့ပြီဟုလည်းသိရသည်။

Source :Bernama


LEAVE A REPLY

Please enter your comment!
Please enter your name here