ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေး၀န်ကြီးတို့ သီးသန့် တွေ့ဆုံခဲ့ကြောင်း နစကအတည်ပြု

0
3170

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့သီးသန့် တွေ့ဆုံခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဇူလိုင် ၁၃ ရက်တွင်အတည်ပြုပြောဆိုလာသည်။

ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းသည့် ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်က ရောက်ရှိလာပြီး နိုင်ငံတကာသတင်းများတွင်ဖော်ပြနေသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ့ခဲ့ကြောင်းနစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

” ၂ ‌ယောက်ချင်းသီးသန့်တွေ့ဆုံတာဖြစ်ပါတယ်၊ တွေ့ဆုံချိန်ကတော့ ၁ နာရီခွဲ နီးပါးလောက်ရှိပါတယ်၊ ၂ ယောက်ထဲလွတ်လွတ်လပ်လပ်‌တွေ့ဆုံတဲ့အတွက် ထိုင်းနိုင်ငံခြားရေး၀န်ကြီးအနေနဲ့လည်း သူဆွေးနွေးခြင်တာတွေလွတ်လွတ်လပ်လပ်ဆွေး‌နွေးနိုင်ခဲ့ပါတယ်၊ ဆွေးနွေးချက်တွေကိုတော့ အသေးစိတ်မသိရှိပါဘူး” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

မျက်မြင်တွေ့ရှိချက်အရ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေမှာကောင်းမွန်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

နေပြည်တော်တွင်ထိန်းသိမ်းခံထားရသည့် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်သည်၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက် နောက်ပိုင်း ပြည်ပအစိုးရ ထိပ်တန်းခေါင်းဆောင်တစ်ဦးနှင့် ပထမဆုံး တွေ့ဆုံခွင့်ရခဲ့ခြင်းလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here