ဘေးနံပါတ်စတစ်ကာပုံစံသစ်များ ပြောင်းလဲတပ်ဆင်ခြင်းမရှိသည့် စီးတီးတက္ကစီများကို ကန့်သတ်ဧရိယာများအတွင်း ဝင်ရောက်ခွင့်မပြုဟုဆို

0
176

ဘေးနံပါတ်စတစ်ကာပုံစံသစ်များ ပြောင်းလဲတပ်ဆင်ခြင်းမရှိသည့် စီးတီးတက္ကစီများကို လုံခြုံရေးအရ ကန့်သတ်ဧရိယာများအတွင်းသို့ ဝင်ရောက်ခွင့်ပြုတော့မည်မဟုတ်‌ကြောင်း YRTC မှသိရသည်။

“ရှိတဲ့အစီးရေက ၆၀၀၀၀ ကျော်မှာ ထက်ဝက်လောက်ပဲ မှတ်ပုံတင်ရသေးတယ်။ ဒါကြောင့် ဘေးစတေကာသစ်ပုံစံမပြောင်းရသေးတဲ့ တက္ကစီယာဉ်တွေကို လုံခြုံရေးအရ ကန့်သတ်နယ်မြေတွေကို ဝင်ရောက်ပြေးဆွဲခွင့်မပြုတော့ဘူး။ ကန့်သတ်ဧရိယာဆိုတာ လေဆိပ် ၊ အဝေးပြေးယာဉ်ရပ်နားဝင်းတို့ ပါပါတယ်။ ဒါကြောင့် လာရောက်မှတ်ပုံတင်ဖို့ တိုက်တွန်းချင်ပါတယ်”ဟု YRTC မှတွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောကြားသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် တက္ကစီယာဉ်အစီးရေ ၆၀၀၀၀ ကျော်အနက် အစီးရေ ၃၀၀၀၀ ကျော်သာ လာရောက်မှတ်ပုံတင်ပြီးဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် တက္ကစီယာဉ်များကို စည်းကမ်းနှင့်အညီ စနစ်တကျပြေးဆွဲနိုင်ရန်၊ မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်သည့် City Taxi ယာဉ်များဖြစ်စေရန်နှင့် အုပ်ချုပ်မှုဆိုင်ရာ စနစ်တကျစီမံမှုပြုလုပ်နိုင်ရန်အတွက် မှတ်ပုံတင်ပြုလုပ်ခိုင်းခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ဘေးနံပါတ်စတစ်ကာပုံစံသစ်အရ City Taxi ယာဉ်များ၏ ဘေးစတေကာနံပါတ်များကို မြို့နယ်အလိုက် သတ်မှတ်သင်္ကေတ နံပါတ်များဖြင့် ပြောင်းလဲတပ်ဆင်ထားခြင်းဖြစ်‌ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here