ဆွမ်းခံကြွလာသည့် သံဃာတော်တစ်ပါး ခွေးကိုက်ခံရ၍ ဦးခေါင်း၌ ထိခိုက်ဒဏ်ရာများ ရရှိ

0
161

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ဆံတော်ရပ်ကွက်တွင် ဇူလိုင်လ ၁၃ ရက်(ယနေ့) နံနက် ၈ နာရီခန့်က ဆွမ်းခံကြွလာသည့် သံဃာတော်တစ်ပါး ခွေးကိုက်ခံခဲ့ရသဖြင့် ဦးခေါင်း၌ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ သိရသည်။

“ဆံတော်ရပ်ကွက်က ဘူတာကြီးအရှေ့မှာ ဖြစ်သွားတာပါ။ သံဃာတော်ရဲ့ ဦးခေါင်းအနောက်ဖက်မှာ ခွေးကိုက်ခံထားရတဲ့ဒဏ်ရာက အတော်ကြီးတယ်။ သွေးထွက်လည်းလွန်နေတယ်။ သတင်းရတာနဲ့ ချက်ချင်းသွားပြီးကူညီပေးခဲ့ပါတယ် ” ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောကြားသည်။

ခွေးကိုက်ခံရမှုကြောင့် ဦးခေါင်း၌ ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် သံဃာတော်အား မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ မြေပြင်ကုသမှုများပြုလုပ်ပေးခဲ့ကြပြီးနောက် ပြည်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here