နောက်နှစ်ရက်အတွင်း ခန္တီးနှင့် ဟုမ္မလင်းမြို့တို့တွင် မြစ်ရေကြီးနိုင်ကြောင်း မိုးဇလ ထုတ်ပြန်

0
101

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့တို့တွင် ချင်းတွင်းမြစ်ရေသည် လာမည့်နှစ်ရက်အတွင်း အဆိုပါမြို့များ၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပြီး မြစ်ရေကြီးနိုင်ကြောင်း ဇူလိုင်လ ၁၃ ရက်က မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

လက်ရှိ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် အဆိုပါမြို့၏ စိုးရိမ်ရေမှတ်အောက် (၄) ပေခန့် ရောက်ရှိနေပြီး နောက်နှစ်ရက်အတွင်း အဆိုပါမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း ဖော်ပြထားသည်။

အလားတူ ဟုမ္မလင်းမြို့တွင်လည်း ချင်းတွင်းမြစ်ရေသည် အဆိုပါမြို့၏ စိုးရိမ်ရေမှတ်အောက် (၃) ပေ ခန့်ရောက်ရှိနေပြီး နောက်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

ယင်းကြောင့် ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here