ဘူးသီးတောင်နှင့် မောင်တောမြို့အား ယနေ့မှစ၍ လျှပ်စစ်ဓာတ်အား ပြန်လည်ပို့လွှတ်

0
114

“မိုခါ”မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ၆၆ ကေဗွီ ရသေ့တောင်-ဘူးသီးတောင် -မောင်တောဓာတ်အားလိုင်းအား ပြန်လည်ပြင်ဆင်ပြီးဖြစ်၍ ဘူးသီးတောင်နှင့် မောင်တောမြို့အား ဇူလိုင်လ ၁၃ ရက်(ယနေ့)မှစ၍ လျှပ်စစ်ဓာတ်အားပြန်လည်ပို့လွှတ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ လျှပ်စစ်ဓာတ်အားပြန်လည်ပို့လွှတ်ရာ၌ ဘူးသီးတောင်မြို့သို့ နံနက် ၁၁ နာရီ ၂၃ မိနစ်နှင့် မောင်တောမြို့သို့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ပြန်လည်ပို့လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ပုံစာ-၆၆ ကေဗွီ ရသေ့တောင်-ဘူးသီးတောင်-မောင်တောဓာတ်အားလိုင်းအား လျှပ်စစ်ဝန်ထမ်းများက ပြန်လည်ပြင်ဆင်နေစဥ်။


LEAVE A REPLY

Please enter your comment!
Please enter your name here