မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့်ပတ်သက်၍ မြန်မာသံအမတ်နှင့် ယူနန်ပြည်နယ်အစိုးရတို့ ဆွေးနွေး

0
185

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့်ပတ်သက်၍ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးတင်မောင်ဆွေနှင့် ယူနန်ပြည်နယ်အစိုးရ၏ ဒု-အုပ်ချုပ်ရေးမှူး မစ္စတာဝမ်ဟောက်တို့ ဇူလိုင်လ ၁၁ ရက်က ကူမင်းမြို့၊ ယူနန်ကျန်းကျွမ်းဧည့်ဂေဟာရှိ ကျင်းကွေ့ဧည့်ခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံစဉ် ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ မြန်မာ- တရုတ်နှစ်နိုင်ငံ ကုန်သွယ်ရေးနယ်စပ်ဂိတ်များနှင့်ပတ်သက်သည်များ၊ နယ်စပ်ကုန်သွယ်ရေး၌ ပဲ/နှမ်းတင်ပို့ရောင်းချခြင်း အပါအဝင် အခြားပို့ကုန် တင်ပို့ရောင်းချခြင်းများကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပတ်သက်သည်များ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ နိုင်ငံသားများ၏ အကျိုးနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့်တွေ့ကြုံနေရသည့် အခက်အခဲများ၊ ဆက်လက်၍ ပိုမိုထိရောက်စွာ ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများကို နှစ်နိုင်ငံ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here