မစ္စတာပီတာ ဝန်ကြီးချုပ်ရွေးချယ်ပွဲပဏာမအဆင့်အားရှုံးနိမ့်

0
268

ဘန်ကောက်၊ဇူလိုင် ၁၃

Move Forward Party ခေါင်းဆောင် မစ္စတာပီတာလင်ဂျာရန်ရွတ်သည် ယနေ့ ဇူလိုင် ၁၃ ရက်နေ့၌ပြုလုပ်သည့် ဝန်ကြီးချုပ်ရွေးချယ်ပွဲပဏာမအဆင့်အားရှုံးနိမ့်ခဲ့ကြောင်းသိရှိရသည်။

ဆက်လက်ပြုလုပ်မည့်ရွေးချယ်ပွဲအား ဇူလိုင်လ ၁၉ ရက်နေ့တွင် နောက်တစ်ကြိမ်ပြုလုပ်မည်ဖြစ်ကြောင်းသိရှိရသည်။

ယခုပဏာမအဆင့် ဝန်ကြီးချုပ်ရွေးချယ်မှု၏နောက်ဆုံးရလဒ်တွင် စုစုပေါင်းပါဝင်သူ ၇၀၅ ဦးအနက် မစ္စတာပီတာသည် ထောက်ခံမဲ ၃၂၄ မဲရရှိကာ ကန့်ကွက်မဲ ၁၈၂ မဲနှင့် ကြားနေမဲ ၁၉၉ မဲဖြင့်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ရာထူးရရှိရန်အတွက် အထက်လွှတ်တော်နှင့်အောက်လွှတ်တော်နှစ်ရပ် ပေါင်း အမတ် ​နေရာ ၇၄၉ နေရာအနက် မစ္စတာပီတာအနေဖြင့် ထောက်ခံမဲ ၃၇၅ မဲရရှိရမည်ဖြစ်သည်။

မစ္စတာပီတာသည် လွှတ်တော်ကိုယ်စားလှယ်များထံမှ ထောက်ခံမဲ ၃၁၁ မဲ၊ကန့်ကွက်မဲ ၁၄၈ မဲနှင့် ကြားနေ ၃၉ မဲရရှိခဲ့ပြီး အထက်လွှတ်တော်အမတ်များထံမှ ထောက်ခံမဲ ၁၃ မဲ၊ကန့်ကွက်မဲ ၃၄ မဲနှင့် ကြားနေ ၁၅၉ မဲရရှိခဲ့သည်ဟုလည်းသိရသည်။

မစ္စတာပီတာကမူ ၎င်းအနေဖြင့် ယခုကဲ့သို့ ရှုံးနိမ့်ခဲ့ရသော်လည်း ဆန္ဒမဲအားကြည်ဖြူစွာလက်ခံမည်ဖြစ်ပြီး ပါတီအနေဖြင့် လက်လျှော့နောက်ဆုတ်သွားမည်မဟုတ်ဟုဆိုခဲ့သည်။ ထို့ပြင်၎င်းတို့အနေဖြင့် မူဝါဒကိုပြောင်းလဲမည်မဟုတ်ဘဲ ပြည်သူများကိုပေးထားသည့်ကတိတည်အောင်ကြိုးပမ်းမည်ဟုလည်းပြောကြားခဲ့သည်။

Ref 1 : Nikkei Asia
Ref 2 : Bangkok Post


LEAVE A REPLY

Please enter your comment!
Please enter your name here