ကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေး‌ မြန်မာ-အီဂျစ် နှစ်နိုင်ငံ ဆွေးနွေး

0
78

မြန်မာ-အီဂျစ် နှစ်နိုင်ငံအကြား ကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေး‌အတွက် အီဂျစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် အီဂျစ်ကုန်သည်ကြီးများအသင်း ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဝဏ္ဏကျော်ထင် ဦးမြင့်လွင်သည် အီဂျစ်နိုင်ငံ ကုန်သည်ကြီးများအသင်းနှင့် အာဖရိကသမဂ္ဂ ကုန်သည်ကြီးများအသင်းမှ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Mr. Hosam Baharia အား ဇူလိုင်လ ၁၀ ရက်၊ နံနက်ပိုင်းက အီဂျစ်ကုန်သည်ကြီးများအသင်းသို့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ နှစ်ဘက်ကုန်သည်ကြီးများအသင်း အချင်းချင်း ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံမှ ပဲမျိုးစုံ၊ ဆန်၊ ရေထွက်ကုန်ပစ္စည်းများ အပါအဝင် အခြားပို့ကုန်များ တင်ပို့ရောင်းချနိုင်ရေးအတွက် ဆောင်ရွက်နိုင်မည့် နည်းလမ်းများ စသည်တို့ကို ရင်းနှီးပွင်းလင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here