မြန်မာနိုင်ငံ၏ နည်းပညာကဏ္ဍများတွင် ရုရှားကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်

0
210

ရုရှားနိုင်ငံမှ ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံ၏ သတင်းအချက်အလက်၊ ဆိုက်ဘာလုံခြုံရေးနှင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုဆိုင်ရာ နည်းပညာကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာဝါဝါမောင်က ဖိတ်ခေါ်ခဲ့သည်။

ဇူလိုင်လ ၁၂ ရက်၊ နံနက် ၁၀ နာရီက နေပြည်တော်၌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာဝါဝါမောင်နှင့် ရုရှား-မြန်မာချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒု- ဥက္ကဋ္ဌ မစ္စတာဗစ်တလေဆိုလိုနတ်စကီ ဦးဆောင်သည့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံစဉ် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မြန်မာ-ရုရှားနှစ်နိုင်ငံအကြား နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here