ရွှေတချောင်းမြောင်းအတွင်းသို့ အမျိုးသားတစ်ဦး ပြုတ်ကျပြီး ပျောက်ဆုံးနေ

0
130

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၈၆ လမ်း၊ လမ်း ၄၀ နှင့် ၄၁ လမ်းကြားရှိ ရွှေတချောင်း မြောင်းကူးတံတားပေါ်မှမိုးရွာသွန်းနေချိန်၌ ဖြတ်သန်းသွားလာသည့် အသက် (၄၅) နှစ်အရွယ်အမျိုးသားတစ်ဦးသည် ဇူလိုင်လ ၁၃ ရက်၊ ညပိုင်းက ပြုတ်ကျခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)မှ သိရသည်။

“မိုးရွာနေချိန်မှာဖြတ်သွားတော့ မြောင်းကူးတံတားပေါ်ကနေ ချော်ပြီးပြုတ်ကျသွားတာပါ။ သတင်းရတာနဲ့ ရေငုတ်ရှာဖွေရေးအဖွဲ့တွေက ချက်ချင်းသွားပြီး ရှာဖွေပေးခဲ့ပါတယ်။ အခုထိတော့ ရှာဖွေတွေ့ရှိခြင်းမရှိသေးပါဘူး။ ဆက်ပြီးရှာနေပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောကြားသည်။

ရွှေတချောင်းမြောင်းအတွင်းပြုတ်ကျသွားသည့် အမျိုးသားအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)မှ ရေငုတ်ရှာဖွေမှုများပြုလုပ်ခဲ့သော်လည်း ရှာဖွေတွေ့ရှိခြင်းမရှိသဖြင့် ည ၁၀ နာရီ၌ ရှာဖွေမှုရပ်နားခဲ့ကြောင်း သိရသည်။

Photo-မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)


LEAVE A REPLY

Please enter your comment!
Please enter your name here