A Bank မှ လျှပ်စစ်ကားများ အရစ်ကျချေးငွေဝန်ဆောင်မှုဖြင့် ရောင်းချပေးမည်

0
237

လျှပ်စစ်ကားများကို အရစ်ကျချေးငွေ ဝန်ဆောင်မှုဖြင့် ရောင်းချပေးနိုင်ရန် A Bank၊ A Insurance နှင့် Amazing Auto အပါအဝင် လုပ်ငန်းသုံးခု သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း A Bank က ဇူလိုင်လ (၁၂) ရက်တွင် ကြေညာခဲ့သည်။

ယင်းကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုအရ Amazing Auto Co., Ltd မှ လျှပ်စစ်သုံးယာဉ် (EV)ကားများကို A Bank ၏ အရစ်ကျချေးငွေဝန်ဆောင်မှုဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး ဝယ်ယူသည့် မည်သည့်ကားမဆို ကားအမျိုးအစား အားလုံးအတွက် ကားအာမခံအကာအကွယ်များကို A Insurance မှ တစ်ပါတည်း ပေးအပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် အင်ဂျင်ကားများကဲ့သို ခံစားခွင့်ရရှိနိုင်မည့် လျှပ်စစ်ကား (EV)များ အလုံးစုံအာမခံအတွက်ကိုလည်း A Insurance ၏ ဝန်ဆောင်မှုများဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး အပါအဝင် BOT စနစ်ဖြင့် ဆောင်ရွက်နေသော လမ်းတံတားများ အခြားပြည်ထောင်စုလမ်းနှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ လမ်းတံတားအားလုံးတွင် လျှပ်စစ်သုံးယာဉ်များ လမ်းတံတား အသုံးပြုခကို ၁၀၀ ရာခိုင်နှုန်း ဖြေလျော့ပေးထားပြီး အသုံးပြုခကောက်ခံခြင်းမပြုသည့် အစီအစဉ်ကို ယခုနှစ် ဧပြီလ ၁ ရက်တွင် စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်အထိ ကင်းလွတ်ခွင့်ရရှိထားကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here