MAI လေကြောင်းလိုင်းမှ အစားထိုး ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို လုံခြုံအောင်ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

0
199

MAI လေကြောင်းလိုင်းမှ မိမိတို့၏ ဖောက်သည်များနှင့် ပေးသွင်းသူများအတွက် တတ်နိုင်သမျှ အဆင်မပြေမှုအနည်းဆုံးနှင့် လုပ်ငန်းဆောင်ရွက်မှုများ စဉ်ဆက်မပြတ် သေချာစေရန် အစားထိုးဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို လုံခြုံအောင်ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ကြေညာထား သည်။ 

စင်ကာပူနိုင်ငံရှိ ထိပ်သီးဘဏ်တစ်ခုဖြစ်သည့် UOB ၏ ဘဏ်စာရင်း ပိတ်သိမ်းမည့် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ မြန်မာပုဂ္ဂလိကလေကြောင်းလိုင်းတစ်ခုဖြစ်သည့် Myanmar Airway International (MAI) က ဇူလိုင်လ ၁၄ ရက်တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

လေကြောင်းလိုင်းနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ဆက်ဆံရေးကို ရပ်စဲမည့် ဘဏ်၏ လုပ်ပိုင်ခွင့်ကို အလေးထားသလို MAI ဘက်က ပေးအပ်ထားသည့် အချိန်ဇယားအတိုင်း လိုက်နာရန် ကြိုးစားသွားမည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။

UOB ဘဏ်သည် MAI လေကြောင်းလိုင်းအတွက် ဘဏ်ဝန်ဆောင်မှုပေးခြင်းများ ရပ်ဆိုင်းတော့မည်ဟု အသိပေးထားပြီး ၎င်းနှင့်ဆက်နွယ်နေသည့်ဘဏ်စာရင်း (၅) ခုကို ဩဂုတ်လ ၁၅ ရက်နေ့ နောက်ဆုံးထား ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

MAI ကို ဘဏ်ဝန်ဆောင်မှုများနှင့် ပံ့ပိုးကူညီမှုများ ရပ်ဆိုင်းရန် ဘဏ်၏ ဆုံးဖြတ်ချက်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အလားအလာရှိသော ပြဿနာများကို ဖြေရှင်းနိုင်ရန် ချက်ချင်းဆောင်ရွက်ခဲ့ရကြောင်း MAI ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here