အမေရိကန်ဒေါ် လာ ၂ သန်းအောက် အသေးစားဖွံ့ဖြိုးမှုစီမံကိန်းများအကူအညီပေးရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ အိန္ဒိယဘက်သို့အဆိုပြုထားသည့် စီမံကိန်းများတိုးတက်မှုကိုဆွေးနွေး

0
112

အသေးစားဖွံ့ဖြိုးမှုစီမံကိန်းများအကူအညီပေးရေးဆိုင်ရာနားလည်မှုစာချွန်လွှာအရ အိန္ဒိယဘက်သို့အဆိုပြုထားသည့် စီမံကိန်းများတိုးတက်မှုကို ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာဝါဝါမောင်နှင့်ရန်ကုန်မြို့ရှိ အိန္ဒိယနိုင်ငံသံရုံးမှ ဒု-အကြီးအကဲ Ms. Nabanita Chakrabarti တို့ဆွေးနွေးခဲ့ကြသည်။

ဒု-ဝန်ကြီးဒေါက်တာဝါဝါမောင်မှ ရန်ကုန်မြို့ရှိ အိန္ဒိယနိုင်ငံသံရုံးမှ ဒု-အကြီးအကဲ Ms. Nabanita Chakrabarti အား ဇူလိုင် ၁၄ ရက်နံနက်ပိုင်းက နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယနှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ၊ အိန္ဒိယနိုင်ငံ၏ အကူ အညီဖြင့်ဆောင်ရွက်မည့် စီမံကိန်းများနှင့်ပတ်သက်သည်များကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကြား ချုပ်ဆိုထားသည့် အသေးစားဖွံ့ဖြိုးမှုစီမံကိန်းများ(Small Development Projects)အကူအညီပေးရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအောက်မှ အိန္ဒိယဘက်သို့အဆိုပြုထားသည့် စီမံကိန်းများ၏ဖြစ်ပေါ် တိုးတက်မှု၊ “မိုခါ”မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများပြန်လည်ထူထောင်ရေးဆိုင်ရာ စီမံကိန်းများကိုလည်း ဆွေးနွေးခဲ့ကြသည်။

အသေးစားဖွံ့ဖြိုးမှုစီမံကိန်းသည် အိန္ဒိယနိုင်ငံမှမြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် ကျန်းမာရေး၊ပညာရေး၊လူမှုအသိုက်အဝန်း တိုးတက်မှုကဏ္ဍများတွင် အချိန်တိုအတွင်း ထိရောက်စွာအကောင်အထည်ဖော်နိုင်မည့် စီမံကိန်းများအား အမေရိကန်ဒေါ်လာ ၂ သန်းအောက် ပမာဏဖြင့်ဆောင်ရွက်နိုင်သည့် အကူအညီစီမံကိန်းများ(Grant Projects)ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here