ပြည်မြို့တွင် အမျိုးသားတစ်ဦး တိုက်ပေါ်မှခုန်ချ၊ ဒဏ်ရာပြင်းထန်

0
254

ပဲခူးတိုင်း၊ ပြည်မြို့ရှိ စည်တော်မင်္ဂလာ လမ်းထိပ်ရှိ တိုက်ပေါ်မှ အမျိုးသားတစ်ဦးခုန်ချခဲ့မှု ယနေ့ ဇူလိုင် (၁၆) ရက်နံနက် (၉) နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ သိရသည်။

“ဘယ်လိုကြောင့် ခုန်ချတယ်ဆိုတာကိုတော့ မသိရသေးဘူး။ ပတ်ဝန်းကျင်က လူတွေပြောပုံအရ အဲဒီအမျိုးသားက စည်တော်မင်္ဂလာ လမ်းထိပ်မှာရှိတဲ့ ပေါက်ကြီး မုန့်ဆိုင်ဘေးက တိုက်ပေါ်ကို တက်သွားပြီး ပြုတ်ကျလာတာလို့သိရတယ်။ လူနာကအရေးကြီးတဲ့အတွက် သေချာမမေးဖြစ်ဘူး။ အရေးပေါ်ကုသပေးပြီး ဆေးရုံပို့ပေးခဲ့ပါတယ်”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ အသင်းဝင်တစ်ဦးကပြောသည်။

တိုက်ပေါ်မှခုန်ချခဲ့သည့် အမျိုးသားသည် နှာခေါင်းသွေးထွက်၊ ဘယ်ဘက်ပေါင်ကျိုး၊ ခြေသလုံးအရေပြားလန်၊သွေးထွက်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့သဖြင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအ ဖွဲ့(ပြည်)မှ မြေပြင်ကုသမှုများပြုလုပ်ပြီးနောက် ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here