မြန်မာနိုင်ငံကြက်ခြေနီအသင်းတွင် ရပ်ရွာလူထုကိုယ်စားလှယ်လျှောက်ထားနိုင်

0
217

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ(သို့)မြို့နယ်ကြက်ခြေနီအ သင်းခွဲအတွက် ရပ်ရွာလူထုကိုယ်စားလှယ်အဖြစ်လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ သိရသည်။

ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ ၂၀၂၃ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ညီလာခံသက်တမ်းအတွက် ကြီးကြပ်မှုကော်မတီဝင်အဖြစ်ပါဝင်ဆောင်ရွက်ရန် ရပ်ရွာလူထုကိုယ်စားပြုအသင်းသားများကို လျှောက်လွှာခေါ်ယူခြင်းဖြစ်သည်။

လျှောက်ထားလိုသူများသည် မိမိနေထိုင်ရာမြို့နယ်၏ ကြက်ခြေနီအသင်းတွင် အသင်းသားစာ ရင်း၌ပါ၀င်ပြီး ရာသက်ပန်အသင်းသားအဖြစ် (၂)နှစ်သက်တမ်းရှိသူ(သို့)သာမာန်အသင်းသားအဖြစ် ယနေ့အထိ(၂)နှစ်တိတိ နှစ်စဥ်ကြေးပုံမှန်သွင်းထားသူများဖြစ်ရမည်ဖြစ်သည်။

အဆိုပြု လျှောက်လွှာများအား သက်ဆိုင်ရာ ခရိုင်/မြို့နယ်များတွင် ထုတ်ယူနိုင်ကာ မည်သူမဆိုမြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ခရိုင်/မြို့နယ်ရပ်ရွာလူထုကိုယ်စားလှယ်အဖြစ်လျှောက်ထားနိုင်ကြောင်း သိရသည်။

လျှောက်ထားသည့် လျှောက်လွှာရှင်အသီးသီးအနက် ရပ်ရွာလူထုကိုယ်စားပြုအသင်းသားများကို တိုင်း/ပြည်နယ်အဆင့် လုပ်ငန်းကော်မတီက စီစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here