တောင်ကိုရီးယား၌ ရေမြုပ်နေသောဥမင်လိုဏ်ခေါင်းမှ ရုပ်အလောင်းရှစ်လောင်းအားကယ်ဆယ်ရေးသမားများဆယ်ယူနိုင်ခဲ့

0
239

ဆိုးလ်၊ဇူလိုင် ၁၆

တောင်ကိုရီးယား၌ မိုးသည်းထန်စွာရွာသွန်းပြီးရေလွှမ်းမိုးမှုကြောင့် ရေမြုပ်နေသောဥမင်လိုဏ်ခေါင်းအတွင်း ပိတ်မိသေဆုံးနေသည့် ရုပ်အလောင်းရှစ်လောင်းအား ကယ်ဆယ်ရေးသမားများ ဆယ်ယူနိုင်ခဲ့ကြောင်းသိရှိရသည်။

ထိုသို့ နိုင်ငံတစ်ဝန်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ သည် ၃၇ ဦးအထိရှိလာပြီဖြစ်ကြောင်းလည်းသိရှိရသည်။ဥမင်အတွင်းမှဆယ်ယူရရှိခဲ့သည့်ရုပ်အလောင်းများသည် စနေနေ့ကတွေ့ရှိသည့်တစ်လောင်းနှင့်ပေါင်းပါက စုစုပေါင်းကိုးလောင်းအထိရှိပြီဖြစ်သည်ဟုဆိုသည်။

ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦးကမူ ယခုအချိန်အထိ လိုဏ်ခေါင်းအတွင်း ဘက်စ်ကားတစ်စီးအပါအဝင် ကားတစ်ဆယ့်ငါးစီးခန့်ပိတ်မိနေသည်ဟုပြောကြားခဲ့သည်။

ဆက်လက်၍လည်းရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည်ဟုပြောကြားခဲ့ကာ တောင်ကိုရီးယားမိုးလေဝသဌာနကမူ နိုင်ငံ၏‌အလယ်ပိုင်းနှင့်တောင်ပိုင်းဒေသများအနေဖြင့် လာမည့်ရက်များအတွင်း မိုးရေချိန် ၁၂ လက်မအထိပိုမိုရွာသွန်းနိုင်သည်ဟုလည်းသတိပေးထားသည်။

ယင်းအပြင် မြေပြိုခြင်း၊ရေကြီးခြင်းနှင့် ကျောက်ဆောင်များပြိုကျခြင်းတို့အတွက် စိုးရိမ်ရသဖြင့် ကိုရီယားမီးရထား ကော်ပိုရေးရှင်းသည် လုံခြုံရေးအကြောင်းပြချက်ဖြင့် ပုံမှန်ရထားများနှင့် ကျည်ဆန်ရထားအချို့ကိုလည်း စနေနေ့ကတည်းကဆိုင်းငံ့ထားပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းရပ်နားထားရသည်ဟုသိရှိရသည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here