တာမွေမြို့နယ်တွင် လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦးထံမှ စိတ်ကြွဆေးပြား (၅၀၀၀၀) ဖမ်းမိ

0
233

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်တွင် လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦးထံမှ စိတ်ကြွဆေးပြား (၅၀၀၀၀) ကို ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်၊ ညပိုင်းက ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ဇူလိုင်လ (၁၅) ရက် ညနေ (၆) နာရီခွဲကျော်ခန့်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်၊ ကျိုက္ကဆံလမ်းမကြီးပေါ်တွင် လမ်းလျှောက်လာသည့် ဦးမြင့်သိန်း အသက် (၆၂)နှစ်အား စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးရာတွင် ၎င်းကိုင်ဆောင်လာသည့် လက်ဆွဲအိတ်အတွင်းမှ ကျပ်သိန်း ၅၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွဆေးပြား (၅၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ထို့ကြောင့် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူ ဦးမြင့်သိန်းအား တာမွေမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here