(၆) လအတွင်း ရန်ကုန် – မန္တလေး အမြန်လမ်းတွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုများကြောင့် လူ (၅၃) ဦးသေဆုံးခဲ့

0
271

၂၀၂၃ ခုနှစ်၏ ပထမနှစ်ဝက်အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှုကြောင့် လူ (၅၃) ယောက် သေဆုံးခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှု (၈၃) မှုဖြစ်ပွားခဲ့ပြီး (၁၆၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူ (၅၃) ဦး ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ (၆) လအတွင်း ဖြစ်ပေါ်ခဲ့သည့် ယာဉ်မတော်တဆမှုများကြောင့် ငွေကျပ် ၂၈၈ ဒသမ ၅၈ သန်း ဆုံးရှုံးခဲ့ရကြောင်းလည်း သိရသည်။

ထို့အပြင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှဇွန်လအထိ ခြောက်လအတွင်း အမြန်လမ်းပေါ်တွင် စည်းကမ်း မလိုက်နာမှုကြောင့် အရေးယူခဲ့ရသည့် ယာဉ်အစီးရေ ၇၅၄၈ စီး ရှိကြောင်း သိရသည်။

ရန်ကုန် – မန္တလေး အမြန်လမ်းပေါ်တွင် စည်းကမ်းမလိုက်နာသည့် ယာဉ်များကို အ‌ရေးယူဆောင်ရွက်လျက်ရှိပြီး စည်းကမ်းမလိုက်နာသည့် ယာဉ်စီးရေတဖြေးဖြေး လျော့ကျလာခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here