ဘီလာရုအခြေစိုက်စခန်း ဂြိုလ်တုဓာတ်ပုံများက ဝက်ဂနာတပ်ဖွဲ့ရောက်ရှိနေခြင်းဖြစ်နိုင်ကြောင်း ညွှန်ပြနေ

0
306

The New York Times သတင်းစာမှ ဆန်းစစ်လေ့လာထားသော ဂြိုလ်တုပုံများအရ ဘီလာရုစ်နိုင်ငံရှိ တပ်စခန်းတစ်ခုတွင် ရုရှား ဝက်ဂနာကြေးစားတပ်ဖွဲ့ အသုံးပြုသည့် မော်တော်ကားများ ရောက်ရှိလာခြင်း အပါအဝင် ယခုသီတင်းပတ်ကုန်တွင် လှုပ်ရှားမှုများတိုးလာကြောင်း သိရသည်။

ဘီလာရုစ်နိုင်ငံ၏မြို့တော် Minsk ၏ အရှေ့တောင်ဘက် ၅၅ မိုင်ခန့်အကွာ Asipovichy ဒေသရှိ စစ်အခြေစိုက်စခန်းဟောင်းတစ်ခုဆီသို့ အရပ်ဘက် ထရပ်ကားကြီးများ၊ ဗင်ကားများနှင့် ကားများ အပါအဝင် ယာဉ်အစီးရေ တစ်ဒါဇင်ကျော်သည် စနေနေ့နှင့် တနင်္ဂနွေနေ့တွင် ရောက်ရှိလာပုံရသည်။ ယာဉ်တန်းမှ အချို့သောယာဉ်များတွင်လည်း ဝက်ဂနာအလံများ လွှင့်ထူထားသည်။

ဂြိုလ်တုဓာတ်ပုံများသည် ဝက်ဂနာတပ်ဖွဲ့များ ယင်းစခန်းတွင် ရှိနေကြောင်း ခိုင်လုံစွာ သက်သေမပြနိုင်သော်လည်း ဝက်ဂနာတပ်ဖွဲ့ဝင်အချို့သည် ဘီလာရုစ်သို့ ရောက်ရှိနေပြီဟု ယူကရိန်း၏ မဟာမိတ်များက အခိုင်အမာ ပြောကြားသည်။

စခန်းတည်နေရာကို အတိအကျမဖော်ပြထားသော်လည်း ဝက်ဂနာတိုက်ခိုက်ရေးသမား အချို့သည် ဘီလာရုစ်နိုင်ငံရှိ တပ်စခန်းတစ်ခုသို့ ရောက်ရှိခဲ့ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ ပိုလန်စစ်ဖက်ဆိုင်ရာ အရာရှိတစ်ဦးကမူ ဝက်ဂနာတိုက်ခိုက်ရေးသမားအချို့ ဘီလာရုစ်သို့ ရောက်ရှိလာခဲ့ကြောင်းကို စနေနေ့ကတည်းကပင်လျှင် ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here