မကွေးမြို့ရှောင်လမ်းတွင် Hijet ကားတစ်စီး လမ်းဘေးချောက်အတွင်း ထိုးကျ တိမ်းမှောက်မှုကြောင့် ၆ ဦးဒဏ်ရာရ

0
126

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှောင်လမ်းတွင် Hijet ကားတစ်စီး လမ်းဘေးချောက်အတွင်း ထိုးကျ တိမ်းမှောက်မှုကြောင့် ၆ ဦးထိခိုက်ဒဏ်ရာရမှု ယနေ့ ဇူလိုင်လ ၁၇ ရက် ‌နေ့လယ်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မကွေးမြို့၊ မြို့ရှောင်လမ်း ကုန်တင်ကားကြီးကွင်းအနီးတွင် ယနေ့နေ့လယ် ၁၂ နာရီ ၄၀ မိနစ်ခန့်က Hijet အမျိုးအစားယာဥ်တစ်စီးတိမ်းမှောက်ပြီး ချောက်ထဲကျသွားကြောင်း ဖုန်းဆက်အကြောင်းကြားလာသည့်အတွက် ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းမှ လူနာတင်ယာဥ် ၃ စီးဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်။

” ဘယ်လိုကြောင့်မှောက်တာလဲဆိုတာတော့မသိရဘူး၊ ကျွန်တော်တို့ကို ကားမှောက်တယ်လို့ပဲအကြောင်းလာတာ၊ ကျွန်တော်တို့ရောက်တော့ကားကလမ်းဘေးချောက်ထဲမှာပါ” ဟု ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းမှ တာ၀န်ရှိသူတစ်ဦးကပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသား ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၂ ဦး မှာအနည်းငယ်စိုးရိမ်ရသည့်အတွက် မကွေးတိုင်းပြည်သူ့ဆေးရုံကြီးသို့ လူနာတင်ယာဥ် ၃ စီးဖြင့် အရေးပေါ်ကူညီပို့ဆောင်ပေးလိုက်ကြောင်း သိရသည်။

ဓာတ်ပုံ – ရောင်စုံမေတ္တာလူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here