စကော့တလန်ကျွန်းပေါ်၌ ဝေလငါး အကောင် ၅၀ ကျော် သောင်တင်၍ သေဆုံး

0
110

စကော့တလန်နိုင်ငံရှိ ဝက်စ်တန်း အိုင်းလ်စ်ကမ်းခြေပေါ်တွင် ဝေလငါးအုပ်စု တစ်စုလုံး အစုအပြုံလိုက် သောင်တင်ခဲ့ရာမှ ဝေလငါးအကောင်ရေ ၅၀ ကောင်ကျော် အသက်ဆုံးရှုံး သွားရကြောင်း သိရသည်။

ကယ်ဆယ်ရေးသမားများသည် ဇူလိုင်လ ၁၆ ရက် တနင်္ဂနွေနေ့ နံနက် ၇ နာရီခန့်တွင် သတင်းရပြီးနောက် ဝေလငါးတို့ သောင်တင်ရာ လူးဝစ်မြို့ရှိ ထရိုက် ဗောကမ်းခြေသို့ သွားရောက်ကြည့်ရှုရာ ဝေလငါး ၅၅ ကောင်တွင် ၁၅ ကောင်သာ အသက်ရှင်ကျန်ရစ်တော့သည်ကို တွေ့ခဲ့ရသည်။

ဗြိတိန် ရေငုပ်သမားများ ပင်လယ်နေ သတ္တဝါ ကယ်ဆယ်ရေးအဖွဲ့ (BDMLR) မှ လုပ်သားများသည် ဝေလငါးများကို အသက်ပြန်ရှူနိုင်အောင် ကုသပြုစုပြီး ရေထဲပြန်လွှတ်ရာ တစ်ကောင်သာ အသက်ရှင်ပြီး ကျန် ၄ ကောင်မှာ သေဆုံးသွားခဲ့သည်။ 

ကယ်ဆယ်ရေးသမားများသည် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း ကျန်ရစ်ခဲ့သော အရွယ်ရောက်ပြီးသား ဝေလငါး ၈ ကောင်နှင့် ဝေလငါးကလေး ၄ ကောင်ကိုမူ ရေထဲပြန်မလွှတ်နိုင်ခဲ့သောကြောင့် ညင်သာစွာ ဇီဝိန်ခြွေပေးရန် ဆုံးဖြတ်ချက်ချခဲ့ရသည်။

အဏ္ဏဝါ ပရဟိတအဖွဲ့သည် ယခုကဲ့သို့ အစုအပြုံလိုက် သေဆုံးစေရခြင်းနှင့် ပတ်သက်၍ ပြောကြားရာတွင် ဝေလငါးထဲမှ တစ်ကောင်က သားဖွားရန် ကြိုးပမ်းစဉ် သောင်တင်သွားရာမှ အခြားအကောင်များပါ လိုက်လံသောင်တင်သွားခဲ့သည်ဟု ယူဆရကြောင်း ပြောထားသည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here