တိုင်တန်းနစ်ထက် ၅ဆမျှကြီးသော ကမ္ဘာ့အကြီးဆုံး ဇိမ်ခံသင်္ဘောကြီး၏ ခရီးစဉ် ၂၀၂၄ တွင် စတင်မည်

0
203

တိုက်တန်းနစ်သင်္ဘောထက် ငါးဆပိုကြီးပြီး ကုန်းပတ် ၂၀၊ ရပ်ကွက် ၈ ခု၊ Central Park ခေါ်ဥယျာဉ်ငယ်တစ်ခု၊ ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် အခြားဖျော်ဖြေရေးများပါဝင်သော The Icon of the Seas ဟူသည့် ကမ္ဘာ့အကြီးဆုံး ဇိမ်ခံသင်္ဘောကြီး၏ ပထမဆုံး ခရီးစဉ်ကို လာမည့်ခြောက်လဖြစ်သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်တော့မည်ဖြစ်သည်။

ယင်းသင်္ဘောကြီးသည် အရှည် ၁၁၉၈ ပေရှိကာ နှင့် တန်ချိန် ၂၅၀၈၀၀ ရှိပြီး၊ လူပေါင်း ၇၀၀၀ ကျော် တင်ဆောင်နိုင်မည်ဖြစ်သည်။ သင်္ဘောကိုပိုင်ဆိုင်သည့် Royal Caribbean ၏အဆိုအရ ၎င်းတွင် ရေလွှာလျှောစီးခြင်း၊ စားသောက်ဆိုင်များနှင့် ဘားများစွာ၊ အကြီးဆုံးရေကူးကန်နှင့် ရေပန်းဥယျာဉ်တို့လည်း ပါဝင်ကြောင်းသိရသည်။

The Icon of the Seas သင်္ဘောကြီးအား သမုဒ္ဒရာထဲတွင် ၎င်း၏ပထမဆုံးသောပင်လယ်စမ်းသပ်မှု အောင်မြင်ပြီးဆုံးကြောင်း ပြီးခဲ့သောလနှောင်းပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။

သင်္ဘော၏ အဖွင့်ခရီးစဉ်အတွက် လက်မှတ်များ ကုန်လုနီးပါးဖြစ်နေပြီဖြစ်သော်လည်း လိုက်ပါလိုသူတို့ ရှိနေသေးသည်။

Insider သတင်းဌာနမှ Brittany Chang ရိုက်ကူးထားသော ဇိမ်ခံသင်္ဘောကြီးတည်ဆောက်ဆဲကာလနှင့် တည်ဆောက်ပြီးစီးချိန်ကို နှိုင်းယှဉ်ပြထားသောဓာတ်ပုံများအရ သင်္ဘောကြီး၏ ကြီးမားခမ်းနားမှုကို မြင်တွေ့နိုင်သည်။

သင်္ဘောကြီး ခရီးနှင်ရန် အဆင်သင့်ဖြစ်ကြောင်း သေချာစေရန်အတွက် “ပဏာမစမ်းသပ်မှုများ” ကို အကြိမ်ပေါင်းများစွာ၊ ရက်ပေါင်းများစွာ လုပ်ဆောင်ခဲ့ကြောင်း သင်္ဘောကိုပိုင်ဆိုင်သည့် Royal Caribbean ကုမ္ပဏီကပြောကြားသည်။ သို့ရာတွင် မကြာသေးမီက ပေါက်ကွဲပျက်စီးခဲ့သည့် Titan ရေငုပ်သင်္ဘောငယ် သတင်းကြောင့် စိုးရိမ်သူအချို့ ဆိုရှယ်မီဒီယာများတွင် ပေါ်ပေါက်ခဲ့ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here