၂၀၂၂ အတွင်း ဒီဂျစ်တယ် ငွေပေးချေမှုတန်ဖိုး ကျပ်ဘီယီလံ ၃ သောင်းကျော် ရှိခဲ့

0
132

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် အင်တာနက်ဘဏ်လုပ်ငန်း၊ မိုဘိုင်းဘဏ်လုပ်ငန်းနှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်မှုတန်ဖိုး ကျပ် ၃၁,၆၆၆ ဘီလီယံအထိ ရှိခဲ့ကြောင်း ဗဟိုဘဏ်က ဇူလိုင် (၁၅) ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

အဆိုပါ ပမာဏမှာ လွန်ခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်းဆောင်ရွက်ခဲ့သည့် တန်ဖိုးနှင့် နှိုင်းယှဉ်ပါက ၄၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

ဒီဂျစ်တယ်နည်းလမ်းနှင့် ငွေရေး ကြေးရေးဆောင်ရွက်မှုများ တိုးတက်များပြားလာခြင်းနှင့်အတူ နိုင်ငံ၏ စီးပွားရေးစနစ်အတွင်း လှည့်လည်သုံးစွဲငွေ (Currency in Circ ulation-CIC) များလျော့နည်း ကျဆင်းခဲ့‌ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၁ ခုနှစ်တွင် CIC တိုးတက်မှုနှုန်းမှာ ၄၈ ရာခိုင်နှုန်း ရှိခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင် ၂၉ ရာခိုင်နှုန်း၊ ၂၀၂၃ ခုနှစ် မေလအထိ ၁၁ ရာခိုင်နှုန်း ကျဆင်းလာခဲ့ကြောင်း ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ်၏ အချက်အလက်များအရ ၂၀၂၂ ခုနှစ်အတွင်း အသက် ၁၅ နှစ်အထက် လူဦးရေ၏ ၄၀ ရာခိုင်နှုန်းခန့်သည် ဒီဂျစ်တယ်ငွေပေးချေမှုကို အသုံးပြုခဲ့ပြီး Wave Money နှင့် KPay ကို အဓိကထား အသုံးပြုနေခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here