အာဇာနည်နေ့၌ရန်ကုန်မြို့တွင် ယာယီလမ်းပိတ်/လမ်းလွဲများရှိ၍လမ်း​ရွေးမောင်းပါ

0
171

(၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားအား ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်တွင်ကျင်းပမည်ဖြစ်ရာ အခမ်းအနားကျင်းပမည့် နံနက် ၄ နာရီမှ အခမ်းအနားပြီးဆုံးသည်အထိ(ခန့်မှန်း မနက် ၈နာရီထိ) အနောက်ရွှေဂုံတိုင်လမ်းအား ရေတာရှည်လမ်းဟောင်းမှ၊ ဓမ္မစေတီလမ်းအား ဦးဝိစာရ-ဓမ္မစေတီလမ်းဆုံမှ၊ ဓမ္မစေတီလမ်းအား အင်းယားမြိုင်လမ်းဆုံမှ၊ အာဇာနည်လမ်းအား အနောက်ရွှေဂုံတိုင်လမ်းနှင့်ဦးဝိစာရလမ်းဆုံမှ၊ အာဇာနည်လမ်းအား ဦးထောင်ဘိုလမ်းနှင့်အာဇာနည်လမ်းဆုံမှ၊ ဦးဝိစာရလမ်းအား ဦးဝိစာရအဝိုင်းမှ ဦးဝိစာရ-ဓမ္မစေတီလမ်း ဆုံအထိနှင့်ရွှေတိဂုံဘုရားမြောက်ဘက်မုခ်(သွေးဆေးကန်)လမ်းတို့အား ယာယီလမ်းပိတ်/လမ်းလွှဲပြုလုပ်သွားမည်ဖြစ်သည်။

ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်ဖွင့်လှစ်မည့်နေရာအား ဇူလိုင် ၁၉ ရက်မှ ၂၁ ရက်အထိ နံနက် ၅ နာရီမှည ၆ နာရီအတွင်း နတ်မောက်လမ်းအား ဝင်္ကဘာလမ်းဆုံမှ၊ နတ်မောက်လမ်းအား ဖိုးစိန်လမ်းဆုံမှ၊ ဗိုလ်ချုပ်ပြတိုက်လမ်းအား ငါးထပ်ကြီးဘုရားလမ်းနှင့်ဆုံရာမှ၊ ဗိုလ်ချိုလမ်းအား ရွှေကြက် ယက်လမ်းဆုံမှ၊ ဗိုလ်ချုပ်ပြတိုက်လမ်းအား စောမဟာလမ်းဆုံတို့မှ ယာယီပိတ်ကာ လမ်းပိတ်/လမ်းလွှဲပြုလုပ်သွားမည်ဖြစ်သည်။

ထို့အတူ အလံတင်အခမ်းအနားကျင်းပမည့် အတွင်းဝန်ရုံးအား ဇူလိုင် ၁၉ ရက်မှ ၂၁ ရက်အထိ နံနက် ၅ နာရီမှည ၆ နာရီအတွင်း သိမ်ဖြူလမ်းအား ဗိုလ်ချုပ်လမ်းဆုံမှ၊ အနော်ရထာလမ်းအား ဗိုလ်မြတ်ထွန်းလမ်းဆုံမှ၊ မဟာဗန္ဓုလလမ်းအား ပန်းဆိုးတန်းလမ်းဆုံမှ၊ ဗိုလ်အောင်ကျော်လမ်းအား ကုန်သည်လမ်းဆုံတို့မှ လမ်းပိတ်ထားမည်ဖြစ်သည်။

အခမ်းအနားချိန်သာ ပိတ်မည်ဖြစ်ပြီး အ​လေးပြုအခမ်းအနားပြီးပါက မနက် ၈နာရီခန့်တွင်ပြည်သူများကို​ ဝန်ကြီးများရုံးသို့ပေးဝင်မည်ဖြစ်သည်။ ယမန်​နေ့မနက်က အစမ်း​လေ့ကျင့်ခြင်းရှိ​နေ၍ခဏပိတ်ခြင်းဖြစ်သည်။

ထို့ကြောင့်အခမ်းအနားကျင်းပစဉ် လမ်းပိတ်လမ်းလွှဲဆောင်ရွက်နေသည့်အချိန်များ၌ အခြားလမ်းများကို​ရွေးချယ်မောင်းနှင်သွားလာကြရန် နှိုးဆော်ပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here