မုဒုံ-သံဖြူဇရပ်သွား ကားလမ်းပေါ်ရှိ နှီးပဒေါတံတားအနီး၌ ကားလမ်းရေကျော်နေ

0
119

မွန်ပြည်နယ်၊ မုဒုံ-သံဖြူဇရပ်သွား ကားလမ်းပေါ်ရှိ နှီးပဒေါတံတားအနီးတဝိုက် ကားလမ်းပေါ်တွင် ဇူလိုင်လ ၁၈ ရက်(ယနေ့) နံနက်ပိုင်းမှစတင်ကာ ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

မွန်ပြည်နယ်အတွင်း ယမန်နေ့ညပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် နီးပဒေါတံတားအနီးတဝိုက်ရှိ ကားလမ်းပေါ်သို့ ရေကျော်မှုများ ဖြစ်ပေါ်လျက်ရှိခြင်းဖြစ်သည်။

ထိုသို့ ကားလမ်းပေါ် ရေကျော်နေသဖြင့် ဖြတ်သန်းသွားလာနေသည့် ကားများနှင့် ဆိုင်ကယ်များ သွားလာမှုအဆင်ပြေစေရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းကူညီပေးလျက်ရှိကြောင်း သိရသည်။

Photo-ရာမညအသံ


LEAVE A REPLY

Please enter your comment!
Please enter your name here