မြစ်ငယ်မြို့ မီးရထားဆေးရုံအုပ်ကြီးအား သတ်ဖြတ်ခဲ့သည့် “မြစ်ငယ် PDF”အဖွဲ့ဝင် ၄ ဦးအားဖမ်းဆီးရမိ

0
185

မန္တလေးတိုင်း၊မြစ်ငယ်မြို့ရှိ မီးရထားဆေးရုံ၏ ဆေးရုံအုပ်ကြီးဒေါက်တာဒေါ်တင်တင်ချိုအား လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းနှင့်မြစ်ငယ်မြို့အတွင်း အကြမ်းဖက်ဖောက်ခွဲမှုများပြုလုပ်ခဲ့သည့် “မြစ်ငယ် PDF”အဖွဲ့ဝင် ၄ ဦးအား ဖမ်းဆီးရမိခဲ့သည်ဟု နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များမှ မြစ်ငယ်မြို့အတွင်း လုပ်ကြံသတ်ဖြတ်မှုများနှင့်အကြမ်းဖက်ဖောက်ခွဲမှုများပြုလုပ်ခဲ့သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရာမှ “မြစ်ငယ် PDF” အဖွဲ့ဝင် သီဟဇော်ထွေး(ခ)သီဟအား Sig Sauer ပစ္စတို ၁ လက်၊၎င်းကျည်အိမ် ၂ ခု၊၎င်းကျည် ၁၀ တောင့်၊လက်ပစ်ဗုံး ၂ လုံးတို့နှင့်အတူ ဇူလိုင် ၁၅ ရက်ကဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်များအရ ယင်းနေ့၌ပင် “မြစ်ငယ် PDF”အဖွဲ့ဝင်များဖြစ်သည့် အောင်ဘိုဘိုသန်း(ခ) ဘိုသန်း၊လုရီ(ခ)သန့်ဇင်ဦး၊မင်းမင်းဟိန်း(ခ)လေဒီအား ထပ်မံဖမ်းဆီးရမိခဲ့သည်။

လုံခြုံရေးအဖွဲ့ဝင်များ၏ စစ်ဆေးချက်များအရ “မြစ်ငယ် PDF”အဖွဲ့အား အဖွဲ့ဝင် ၁၅ ဦးဖြင့်ဖွဲ့စည်းခဲ့ကာ မြစ်ငယ်မြို့၊မီးရထားဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာဒေါ်တင်ချိုချိုအား CDM မလုပ်သည့်အပြင် CDM ပြုလုပ်သွားသည့်ကျန်းမာရေးဝန်ထမ်းများကို ပြန်လည်စည်းရုံးခေါ်ယူလျက်ရှိ၍ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း၊ပလိပ်မြို့ရှိ အမျိုးသား ၁ ဦးအား ဒလန် ဟုစွတ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းနှင့်ပလိပ်မြို့၊ဝန်ထမ်းကွက်သစ်ရပ်ကွက်ရှိ Heart Zoom စားသောက်ဆိုင်အား လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ခြင်းတို့ကိုလည်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာအရေးယူရန်နှင့်ဖမ်းဆီးရန်ကျန်ရှိသူများအား ထပ်မံဖမ်းဆီးရမိရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here