အမေရိကအနေနှင့်၎င်း၏တည်ငြိမ်မှုကိုထိခိုက်စေမည့် ရူးကြောင်ကြောင်လုပ်ရပ်များအားရပ်သင့်ပြီဟု ကင်မ်ဂျုံအမ်းညီမဆို

0
153

ဆိုးလ်၊ဇူလိုင် ၁၇

မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအမ်း၏ညီမ ကင်မ်ယိုဂျုံက အမေရိကန်ပြည်ထောင်စုသည် ၎င်း၏လုံခြုံရေးကိုအန္တရာယ်ဖြစ်စေနိုင်သည့် မိုက်မဲသည့်လုပ်ရပ်မှန်သမျှကို ရှောင်ကြဉ်သင့်ကြောင်း ဇူလိုင် ၁၇ ရက်ကပြောကြားခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာ KCNA သတင်းဌာနကဖော်ပြခဲ့သည်။

အိမ်ဖြူတော်၏နိုင်ငံတော် လုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလဗင်က မြောက်ကိုရီးယားသည် ပြီးခဲ့သည့်အပတ်က ၎င်း၏အရှေ့ဘက်ကမ်းရိုးတန်းမှ တိုက်ချင်းပစ်ဒုံးကိုပစ်ခတ်ပြီးနောက် နောက်ထပ်စမ်းသပ်မှုပြုလုပ်မည်ကို အမေရိက ကစိုးရိမ်နေဆဲဖြစ်ကြောင်းပြောကြားခဲ့သဖြင့် ကင်မ်ကယခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။

“အမေရိကအနေနဲ့ သူ့ရဲ့လုံခြုံရေးကိုအန္တရာယ်ဖြစ်စေနိုင်တဲ့ ကျွန်မတို့ကိုရန်စတဲ့လုပ်ရပ်ကိုရပ်သင့်ပါပြီ” ဟု KCNA ကထုတ်ပြန်သော ကြေညာချက်၌ ကမ်င်ကပြောကြားခဲ့သည်။

နျူလက်နက်တပ်ဆင်ထားသော ပဲ့ထိန်းဒုံးကျည် ရေငုပ်သင်္ဘောတစ်စီး တောင်ကိုရီးယားသို့ သွားရောက်မည့်အမေရိက၏အစီအစဉ်ကိုလည်း ၎င်းကဝေဖန်ခဲ့ပြီး ယင်းလုပ်ရပ်သည် ပြုံယမ်းအားစေ့စပ်ညှိနှိုင်းရေးစားပွဲမှ ဝေးရာသို့ပိုမိုတွန်းပို့နိုင်သည်ဟုလည်းပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here