တောင်ကိုရီးယားရေမြုပ်ဥမင်လမ်းအတွင်း နောက်ဆုံးကျန်သည့် ရုပ်အလောင်းအားကယ်ဆယ်ရေးသမားများသယ်ထုတ်နိုင်ခဲ့

0
95

ဆိုးလ်၊ဇူလိုင် ၁၈

တောင်ကိုရီးယားရှိ ရေမြုပ်နေသောဥမင်လမ်းအတွင်း၌ သေဆုံးသူဒါဇင်နှင့်ချီရှိခဲ့ပြီး နောက်ဆုံးကျန်ရှိနေသောရုပ်အလောင်းအား ကယ်ဆယ်ရေးသမားများသယ်ထုတ်နိုင်ခဲ့ပြီးဖြစ်သဖြင့် ကယ်ဆယ်ရေးလုပ်ဆောင်မှုအားရပ်နားလိုက်ပြီဖြစ်ကြောင်းသိရှိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူ ၄၁ ဦး သေဆုံးပြီး ကိုးဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနကပြောကြားခဲ့ပြီး အများစုမှာ မြေပြိုမှုနှင့် ရေပြည့်နေသည့်ရေလှောင်ကန်ထဲသို့ ပြုတ်ကျခြင်းများဖြစ်ခဲ့ကြကြောင်းသိရသည်။

စနေနေ့ကစတင်ဖြစ်ပေါ်ခဲ့သော အဆိုပါလိုဏ်ခေါင်းရေလျှံမှုအတွင်း၌ ဘတ်စ်ကားတစ်စီး အပါအဝင် စုစုပေါင်း ယာဉ် ၁၇ စီး ပိတ်မိခဲ့ပြီး လူ ၁၄ ဦးသေဆုံးခဲ့သည်ဟုလည်း ပြည်ထဲရေး ဝန်ကြီးဌာနကပြောကြားခဲ့သည်။

လူအသေအပျောက်ဖြစ်ပွားရသည့် အကြောင်းရင်းကိုထပ်မံစစ်ဆေးရန်အတွက် ဥမင်လိုဏ်ခေါင်းကို ဆက်လက်ပိတ်ထားဦးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ကိုရီးယားမိုးလေဝသဌာနကလည်း ဗုဒ္ဓဟူးနေ့အထိ မိုးသည်းထန်စွာရွာဦးမည်ဟု ခန့်မှန်းထားပြီး တတ်နိုင်သမျှအိမ်အပြင်မထွက်ကြရန် ပြည်သူများအား တိုက်တွန်းထားကြောင်းလည်းသိရှိရသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here