ရန်ကုန်မြို့ပတ်ရထားပိုင်းတွင်ရှိသည့် မြို့ပတ်ဘူတာ (၇)ခုကို အသစ်ပြန်လည်တည်ဆောက်မည်

0
141

ရန်ကုန်မြို့ပတ်ရထားပိုင်းတွင်ရှိသည့် မြို့ပတ်ဘူတာ (၇)ခုကို အသစ်ပြန်လည်တည်ဆောက်သွားမည်ဖြစ်ပြီး ယင်းအတွက် တင်ဒါခေါ်ယူထားကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းအရ အောင်ဆန်းဘူတာ၊ ကမာရွတ်ဘူတာ၊ အုတ်ကျင်းဘူတာ၊ ဖော့ကန်ဘူတာ၊ သမိုင်းဘူတာ၊ တာမွေဘူတာနှင့် ကျောက်ရေတွင်းဘူတာများကို အသစ်ပြန်လည်တည်ဆောက်မည်ဖြစ်သည်။

လက်ရှိ အဆိုပါ ဘူတာများ အသစ်ပြန်လည်တည်ဆောက်ရန်အတွက် လုပ်ငန်းရှင်များကို တင်ဒါခေါ်ယူထားကြောင်းနှင့် ယင်းတင်ဒါပုံစံများကို ဇူလိုင်လ ၁၇ ရက်နေ့မှစ၍ မြန်မာ့မီးရထားထောက်ပံ့ဌာနတွင် ရောင်းချပေးနေပြီး ဩဂုတ်လ ၁၇ ရက်တွင် တင်ဒါပိတ်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း၌ မြို့ပတ်ရထားများကို ရန်ကုန်လှော်ကားလမ်းပိုင်း၊ ရန်ကုန်မင်္ဂလာဒုံလမ်းပိုင်းနှင့် ရန်ကုန်ရွာသာကြီးလမ်းပိုင်းတို့တွင် နံနက်ပိုင်းရုံးချိန် ရထားနှစ်စင်းစီ၊ ညနေရုံးဆင်းချိန် ရထားနှစ်စင်းစီ၊ စုစုပေါင်းအခေါက်ရေ ၂၆ ခေါက် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here