တရုတ်နိုင်ငံတွင် အပူချိန် ၅၂ ဒီဂရီ စင်တီဂရိတ်ကျော်အထိ မြင့်တက်

0
131

တရုတ်နိုင်ငံရှိ မြို့တစ်မြို့တွင် အပူချိန်သည် ၅၂ ဒီဂရီ စင်တီဂရိတ်ကျော်သည်အထိ စံချိန်တင် မြင့်တက်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဇူလိုင် ၁၆ ရက် တနင်္ဂနွေနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

၎င်းသည် လွန်ခဲ့သည့် ၆ လလောက်ကမှ အပူချိန် အနှုတ် ၅၀ ဒီဂရီ စင်တီဂရိတ်နှင့် ရင်ဆိုင်ခဲ့ရသော တရုတ်နိုင်ငံအတွက် စံချိန်သစ် ဖြစ်လာခဲ့သည်။ ယခင်က စံချိန်မှာ ၅၀ ဒသမ ၃ ဒီဂရီ စင်တီဂရိတ်ဖြစ်ပြီး အေဒင်း ရေကန်အနီးတွင် ၂၀၁၅ ခုနှစ် က တင်ခဲ့ခြင်းဖြစ်သည်။

ဆန်ပေါင်မြို့နယ်တွင်တနင်္ဂနွေနေ့က အပူချိန်သည် ၅၂ ဒသမ ၂ ဒီဂရီ စင်တီဂရိတ်အထိ ရောက်ရှိခဲ့သည်။ အဆိုပါမြို့သည် တရုတ်နိုင်ငံ၏ အနောက်မြောက်ဘက် မိုးနည်းဒေသဖြစ်သော ရှင်းကျန်းရှိ တူပန် လေဖိအားနည်းရပ်ဝန်းတွင် တည်ရှိသည်။

အဆိုပါ သတင်းကို နိုင်ငံပိုင် သတင်းစာ ရှင်းကျန်း ဒေးလီးက တနင်္လာနေ့ (မနေ့)က ကြေညာခဲ့ခြင်းဖြစ်သည်။ ယင်းစံချိန်တင် အပူရှိန်သည် အနည်းဆုံး နောက်ထပ်ငါးရက်အထိ ဆက်ရှိနိုင်ဖွယ်ရှိသည်ဟု သိရသည်။

ဧပြီလမှစ၍ အာရှတိုက်တစ်ဝန်းရှိ နိုင်ငံများတွင် အပူချိန်များ စံချိန်တင် မြင့်တက်လာသည်ကို တွေ့ရသည်။ ယင်းသည် နိုင်ငံများအတွက် လျင်မြန်စွာ ပြောင်းလဲလာနေသော ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်စွမ်း ရှိ၊ မရှိအပေါ် စိုးရိမ်စရာ ဖြစ်လာစေကြောင်း သိရသည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here