သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အစည်းအဝေးများ ကျင်းပရန် မြန်မာ-လာအို နှစ်နိုင်ငံ ဆွေးနွေး

0
213

မြန်မာ-လာအို နှစ်နိုင်ငံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအစည်းအဝေးများ ကျင်းပရန် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြတ်သက်ဦးနှင့် လာအိုနိုင်ငံ သဘာဝအရင်းအမြစ်များနှင့် ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး H.E. Ms. Bounkham VORACHIT တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

မြန်မာသံအမတ်ကြီးမှ လာအိုနိုင်ငံ သဘာဝအရင်းအမြစ်များနှင့် ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာန ဝန်ကြီးအား ဇူလိုင်လ ၁၇ ရက်၊ မွန်းလွဲ ၂ နာရီက သွားရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

တွေ့ဆုံစဉ် မြန်မာ-လာအိုနှစ်နိုင်ငံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အစည်းအဝေးများ ကျင်းပရေးနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here