ကူမင်းမြို့တွင် ကျင်းပမည့် ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲသို့ မြန်မာ့ထုတ်ကုန်များ ပါဝင်ပြသမည်

0
167

တရုတ်နိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ်အစိုးရတို့ ပူးပေါင်း၍ (၇) ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲတွင် မြန်မာ့ထုတ်ကုန်များ ပါဝင်ပြသနိုင်ရေး ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ပြပွဲကို ကူမင်းမြို့၊ Dianchi International Convention and Exhibition Center ၌ ၂၀၂၃ ခုနှစ် ဩဂုတ်လ (၁၆) ရက်မှ (၂၀) ရက်အထိ (၅)ရက်တာ ကျင်းပသွားမည်ဖြစ်သည်။

ယင်းကုန်စည်ပြပွဲ၌ မြန်မာစီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ရေးအတွက် ဇူလိုင်လ (၁၇)ရက်တွင် မြန်မာနိုင်ငံ အခြေစိုက် Yunnan Chamber ဥက္ကဋ္ဌ Mr.Xie Ming Gui နှင့် တာဝန်ရှိသူများသည် ကုန်သည်စက်မှုအသင်းချုပ်(UMFCCI) ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမျိုးသန့်တိုနှင့် UMFCCI တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံမှ ထုတ်ကုန်ပစ္စည်း ဖလှယ်နိုင်ရန် ပြခန်းများ ပါဝင်ပြသနိုင်ရေး၊ မြန်မာနိုင်ငံမှ သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် ကျွမ်းကျင်သူများ စေလွှတ်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပြပွဲသို့ နိုင်ငံအသီးသီးမှ အထင်ကရ စီးပွားရေး လုပ်ငန်းရှင်ကြီးများ တက်ရောက်ကြမည်ဖြစ်ပြီး ပြပွဲကာလအတွင်း ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖိုရမ်များနှင့် စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲများကိုလည်း ထည့်သွင်းကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here