ရန်ကုန်-ပြည်လမ်းတွင် သဲတင်ယာဉ်နှင့် YBS ယာဉ်တို့ တိုက်မိပြီး YBS ယာဉ်မောင်း ထိခိုက်ဒဏ်ရာရ

0
197

ရန်ကုန်-ပြည်လမ်းတွင် သဲတင်ယာဉ်နှင့် YBS ယာဉ်တို့ တိုက်မိပြီး YBS ယာဉ်မောင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

ဇူလိုင်လ ၁၈ ရက်၊ နေ့လည် ၁၂ နာရီ ၃၀ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာ၊ ရန်ကုန်-ပြည်ကားလမ်းတွင် ရန်ကုန်ဘက်မှ တိုက်ကြီးဘက်သို့ မောင်းနှင်လာသော သဲတင်ယာဉ်သည် ဘရိတ်အုတ်လိုက်စဉ် နောက်မှ မောင်းနှင်လာသော YBS ယာဉ်က အရှိန်မထိန်းနိုင်ဘဲ သဲတင်ယာဉ်၏နောက်ပိုင်းအား တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် YBS ယာဉ်၏ ယာဉ်မောင်းမှာ ကားခေါင်းခန်းအတွင်း ညှပ်မိခဲ့ပြီး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကာ မှော်ဘီမြို့မလူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် မှော်ဘီမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်အား မှော်ဘီမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo Credit – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here