မော်လမြိုင်မြို့၊ အတ္ထရံတံတားထိပ်တွင် အဆောက်အဦအုတ်တံတိုင်း ပြိုကျမှုဖြစ်ပွားပြီး လူ(၂)ဦး ပိမိနေ

0
221

မော်လမြိုင်မြို့၊ အတ္ထရံတံတားထိပ်တွင် ဇူလိုင်လ ၁၉ ရက် (ယနေ့) နံနက် ၇ နာရီခန့်က အဆောက်အဦအုတ်တံတိုင်း ပြိုကျမှုဖြစ်ပွားပြီး လူ(၂)ဦး ပိမိနေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

ဇူလိုင်လ ၁၉ ရက်၊ နံနက် ၇ နာရီ ၁၀ မိနစ်အချိန်ခန့်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မော်လမြိုင်-ဘားအံကားလမ်းဘေး၊ ညောင်ပင်ဆိပ်ရပ်ကွက်၊ အတ္ထရံတံတားထိပ်တွင် အဆောက်အဦအုတ်တံတိုင်း ပြိုကျမှုဖြစ်ပွားပြီး လူ(၂)ဦးပိမိနေကြောင်း သတင်းရသဖြင့် မော်လမြိုင်ခရိုင်မီးသတ်စခန်းနှင့် ညောင်ပင်ဆိပ်နယ်မြေမီးသတ်စခန်းများမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်မှ ပိမိနေသူ လူနာ(၂) ဦး (မစိုးရိမ်ရ)ကို လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များက ကယ်ထုတ်နိုင်ခဲ့ပြီး မွန်မြတ်သောနှလုံးသားပိုင်ရှင် လူမှုကယ်ဆယ်ရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here