အက်ပဲလ်၏ ပထမဆုံးမျိုးဆက် အိုင်ဖုန်းကို မြန်မာငွေ သိန်းငါးထောင့် ခုနှစ်ရာကျော်ဖြင့် လေလံတင် ရောင်းချ

0
186

၂၀၀၇ ခုနှစ်၌ ထွက်ရှိခဲ့သော အက်ပဲလ်၏ ပထမဆုံးမျိုးဆက် အိုင်ဖုန်းကို မူရင်းရောင်းဈေးထက် အဆသုံးရာကျော် ပိုများသော ဈေးနှုန်း အမေရိကန် ဒေါ်လာ ၁၉၀,၃၇၂ (မြန်မာငွေ သိန်း ငါးထောင့် ခုနှစ်ရာကျော်) ဖြင့် ဇူလိုင်လ ၁၆ ရက် တနင်္ဂနွေနေ့တွင် လေလံတင် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

မူရင်းဈေး ဒေါ်လာ ၅၉၉ ဖြင့် ဝယ်ယူထားသော အဆိုပါ 4GB မော်ဒယ် အိုင်ဖုန်းသည် စက်ရုံက ထုတ်လိုက်သည့်အတိုင်း ပါကင်မဖောက်ရသေးသော အသစ်စက်စက်ဖုန်း ဖြစ်သည်ဟု လေလံစာရင်းတွင် ဖော်ပြထားသည်။

လေလံပစ်သူ LCG Auctions သည် ထိုအိုင်ဖုန်းအား “လူကြိုက်များ တန်ဖိုးကြီးပြီး စုဆောင်းထားသင့်သော ပစ္စည်း”၊ “အလွန်အမင်း ရှားပါးသော ပစ္စည်း” ဟူ၍ အမွမ်းတင်ပြီး ရောင်းချခဲ့သည်။ LCG က အမွမ်းတင်ထားသည့်အတိုင်း ဖုန်းမှန် သို့မဟုတ် ခလုတ်များ မပျက်စီးဘဲ ရှိနေသော ပထမမျိုးဆက် အိုင်ဖုန်းအမျိုးအစားသည် ယခုခေတ်တွင် အလွန်ရှားပါးနေပြီဖြစ်သည်။

အဆိုပါ အိုင်ဖုန်းအား ဒေါ်လာ တစ်သောင်းဖြင့် လေလံစခဲ့ပြီးနောက် လေလံပြိုင်ဆွဲသည့် အကြိမ်ရေပေါင်း ၂၈ ကြိမ် ရှိခဲ့သည်ဟု သိရသည်။

LCG သည် ဖေဖော်ဝါရီလကလည်း အခြားသော ပထမဆုံးမျိုးဆက် အိုင်ဖုန်းတစ်လုံးကို ဒေါ်လာ ၆ သောင်း ၃ ထောင်ကျော်ဖြင့် လေလံတင်ရောင်းချခဲ့ကြောင်း သိရသည်။

Source: The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here