၉ ဂိုး ဂိုးမရှိဖြင့် မြန်မာနေရှင်နယ်လိဂ် ၂၀၂၃ ၏ ဂိုးအပြတ်ဆုံး နိုင်ပွဲရရှိခဲ့သည့် ရန်ကုန်ယူနိုက်တက်

0
217

ရန်ကုန်ယူနိုက်တက်အသင်းသည် ဇူလိုင်လ ၁၈ ရက်၊ ညနေက YUSC ကွင်း၌ ကစားခဲ့သည့် GFA အသင်းနှင့် ပွဲစဥ်တွင် ၉ ဂိုး ဂိုးမရှိ ရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါရလဒ်သည် လက်ရှိ မြန်မာနေရှင်နယ်လိဂ် ၂၀၂၃ ၏ ဂိုးအပြတ်ဆုံးနိုင်ပွဲအဖြစ်လည်း မှတ်တမ်း၀င်ခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းနှင့် GFA အသင်းတို့၏ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မှူး ဗလင်စီယာသည် ခြေစွမ်းပြခဲ့သည့်အပြင် အသင်းအတွက် သွင်းဂိုး လေးဂိုးကိုလည်း သွင်းယူပေးခဲ့သည့်အတွက် AYA Pay မှ ချီးမြှင့်သည့် အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့သည်။

၂၀၀၉ ခုနစ်တွင် စတင်ကျင်းပသည့် မြန်မာနေရှင်လိဂ်သမိုင်းတွင် ဂိုးအပြတ်ဆုံးပွဲစဉ်များအဖြစ် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်က ဟံသာ၀တီနှင့် GFC ပွဲစဉ်တွင် ဟံသာ၀တီက ၁၀ ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ အောက်တိုဘာလ ၂ ရက်က ရန်ကုန်နှင့် ရခိုင်ပွဲစဉ်တွင် ၁၀ ဂိုး ဂိုးမရှိရလဒ်တို့ဖြင့် လည်းကောင်း မှတ်တမ်း၀င်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here